ချစ်သောမြေဝယ်-(5)

67 10 0
                                    

"သခင်မကြီးနဲ့စကားပြောချင်လို့ပါ...ဗျ"

အခန်းတစ်ခု၏ရှေ့တွင် စကားပြောနေသောလူနှစ်ဦး။တစ်ဦးသည်ရှေးရှု့ရာရာရာ..နောက်တစ်ဦးသည် သခင်မကြီးရဲ့ အခြွေအရံပင်။

"သခင်မကြီး...အပြင်သွားပါတယ်.."

"အာ..ဟုတ်ကဲ့.."

"ဘာဖြစ်နေလဲ"

နောက်က ‌အမေးသံကြောင့်လှည့်ကြည့်လိုက်မိသည်။အသံဩဩနဲ့ တစ်မျိုးစွဲဆောင်မှုရှိသော ယောင်္ကျားပါလား။

"ဟော်နန်းအရှင်"

"ကျွန်‌တော်သူနဲ့စကားပြောမှာမို့ ခင်ဗျားသွားနိုင်ပြီ"

"ဒါပေမယ့် သခင်မကြီးက"

အခြွေအရံသည် ‌ဆက်ပြောရမည့်စကားအတွက် ခက်ခဲနေဟန်။ သို့သော် ဟော်နန်းအရှင်၏ မျက်ရိပ်မျက်ကဲကိုဖတ်နိုင်သောကြောင့် အမြန်ဆုံးပင်လမ်းလျှောက်၍ထွက်ခွာရသည်။

"ဟော်..ဟော်နန်းအရှင်"

ရှေးရှု့ရာရာ၏ခေါ်သံကြောင့် ဟော်နန်းအရှင်၏ မျက်နှာတွင်အရိပ်တစ်ချို့ဖြတ်သန်းသွား၏။ ထို့နောက်တွင်ရှေးရှု့ရာရာ၏ မျက်နှာနားကို အနည်းငယ်ကပ်ကာ..ပြောလိုက်လေသည်။

"ဘယ်လိုခေါ်တာလဲ.."

"အာ..စဝ်နန်းသိဒ္ဓိမဟာ"

"အင်း..တော်တယ်"
ရှေးရှု့ရာရာ၏ပါးနှစ်ဖက်တို့သည်အလိုက်မသိစွာနီမြန်းသွားလေ၏။
'လူကိုကလေးများထင်နေလား..'

"ဘာပြောမို့လဲ."

"အဲ့တာ ဟိုဟာ.."

"အွန်း"

"ပြန်ချင်လို့ပါ"

မသိမသာ အေးစက်သွားသော လေထု။အစတည်းက အေးစက်‌နေ‌သော်လည်းခုမှပိုအေးစက်သယောင်။

"ဘယ်ကိုလဲ.."

"စံအိမ်ကိုပါ..သခင်မ ဒေါ်စောလွှမ်းရဲ့စံအိမ်ပါ..ပြန်လို့ရနိုင်မလား..ဗျ"

"မပျော်ဘူးလား."

အမေးနှင့်ကွဲလွဲစွာ ပြန်‌ပြောလာသော ဟော်နန်းအရှင်။

"အဲ့လိုမဟုတ်ပါဘူး..နည်းနည်း"

"အနေကျဉ်းသလား"

ချစ်သောမြေဝယ်Where stories live. Discover now