ချစ်သောမြေဝယ်-(20)

36 7 1
                                    

ငြိမ်သက်နေသော အခန်းထဲတွင် နွေးထွေးသော အငွေ့အသက်များသည်မပျောက်ပျက်သွားပေ။ နွေးထွေးကြင်နာစွာပြုံးတတ်ပါသော မိခင်သည် ဤအခန်း၏ပိုင်ရှင်ပင်တည်း။ လွန်ခဲ့သော အချိန်ကာလများတွင် သားအတွက်ဂုဏ်ယူစွာပြုံးရယ်တတ်ခဲ့ပါသော မိခင်သည် ယခုမူမရှိ။ ပါးချိုင့်တစ်ဖက်ဖြင့် ချစ်စဖွယ်ကောင်းအောင် ပြုံးတတ်ပါသော အမေသည် သူ၏နှလုံးသားထဲတွင်သာ ရှိတော့၏။ မိခင် ၏ အပြုံးကိုမြင်ချင်‌သောကြောင့် အမေကို တောင်းတပါ၏။ အမေသည် သူ့အတွက်တော့လပြည့်ညရှိလတစ်စင်းပင်။ အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။ အလင်းဓာတ်ကိုပေးစွမ်းနိုင်သည်။ နွေးထွေးမှုကိုပင် ယူဆောင်ပေးနိုင်သူမှာ အမေပင်ဖြစ်သည်။ မိခင်ဟူသည်မှာ ပြည့်သောလဝန်းနှင့် အလားသဏ္ဍာန်တူလှပေသည်။

ရှေးရှု့ရာရာသည် သူ့မိခင်၏အခန်းထဲတွင်အထီးကျန်စွာ။ မိခင်၏ကုတင်ခြေရင်းတွင်ထိုင်နေပါသော ရှေးရှု့ရာရာသည် လွန်စွာ ဝမ်းနည်းနေပေသည်။
မျှော်လင့်စောင့်ဆိုင်းရပါသော အမေသည် လာချေတော့မည်မဟုတ်ပေ။ ဝမ်းနည်းခြင်းကိုကိုယ်စားပြုသော မျက်ရည်မိုးသည်ဖြိုင်ဖြိုင်ရွာကျလာပေ၏။

"မေမေ..လွမ်းတယ်..ဘာလို့အစောကြီးထွက်သွားခဲ့ရတာလဲဗျာ ..မေမေပြုစုပျိုးထောင်ခဲ့တဲ့ ကျွန်တော်က အများကြီးရင့်ကျက်လာတယ်ဆိုတာ မေမေသိရဲ့လား..ပြီးတော့ ကျွန်တော့်မှာ ချစ်ရသူရှိလာခဲ့ပြီ..ဟော်နန်းအရှင်က ကျွန်တော့်ကို အများကြီးဂရုစိုက်ပေးတယ်..ကျွန်တော်အများကြီးကံကောင်းတယ်..မေမေရဲ့"

စကားတို့ကို အဆက်မပြတ်ပြောနေပါသော်လည်း ပြန်ဖြေသံကား နတ္ထိ။ သို့သော်လည်း ရှေးရှု့ရာရာသည် မမှုပါချေ။ ဖြေသူမဲ့သော အခန်းထဲတွင် ငိုကြွေးစွာပြောပြန်ပါ၏။

"ဟော်နန်းအရှင်ရဲ့..နာမည်အရင်းက."

စကားစကိုပြတ်သွားနိုင်လောက်အောင် မိုးသည် ရုတ်ချည်းရွာချလာပေ၏။ သည်းထန်စွာရွာသွန်းနေသောမိုးသည် ရှေးရှု့ရာရာ၏ အသံကိုပင်ဖုံးလွှမ်းနိုင်ပေ၏။
ယနေ့မိုးလေဝသ အခြေအနေသည် ဆိုးရွားလှပေသည်။လေကြမ်းတို့ကြောင့် ပြတင်းပေါက်မှန်မှမြင်နေရသော သစ်ပင်တို့သည်ယိမ်းထိုးစွာ။

ချစ်သောမြေဝယ်Where stories live. Discover now