"အလုပ်တွေကပြီးသွားပြီလား"
ရှေးရှု့ရာရာသည် ဟော်နန်းအရှင်အား သူ၏အိမ်သို့ခေါ်သွားရပေသည်။ ဆိုင်တွင်ကျန်နေခဲ့သော မင်းသစ္စာလျှံကို ဖုန်းဆက်၍ ပြောထားရပေသည်။
"တစ်ခုဘဲကျန်တယ်"
"ဘာလဲ..အလုပ်ကိုကျပြီးအောင်မလုပ်လာဘူး"
"ရှေးရှု့ရာရာကိုနမ်းမယ့်အလုပ်"
"ဟား..စဝ်နန်းသိဒ္ဓိမဟာရေ...မင်း အချိန်တိုင်းဒါဘဲတွေးနေတာလား"
"မတွေးဘူး"
"ဟုတ်လား...ဒါဆို ငါ့အကြောင်းကိုသေးသေးလေးတောင်မတွေးခဲ့ဘူးလား"
လက်ညှိုးနှင့်လက်မကိုဖိ၍ အမူအရာလုပ်ပြနေသော ရှေးရှု့ရာရာသည် ချစ်စဖွယ်ပင်။
"အချိန်တိုင်းတွေးတယ်"
"ဟော်နန်းအရှင်က ရှက်နေတာလား"
နားရွက်ဖျားတို့နီနေသော ဟော်နန်းအရှင်ကို စနောက်နေပါသော ရှေးရှု့ရာရာသည် အလွန်ပျော်ရွှင်နေဟန်။ သွားထပ်လေးများပင် မြင်သာအောင်ပြုံးရယ်နေလေ၏။
"စရတာပျော်ဖို့ကောင်းလား"
"ဝါး..ကောင်းတာပေါ့..ဟော်နန်းအရှင်က စလို့ကောင်းလိုက်တာ"
"ရှေးရှု့ရာရာ"
"ဘာလဲ"
ရှေးရှု့ရာရာ၏ ပြန်လည်တုံ့ပြန်သံကြောင့်ဟော်နန်းအရှင်၏ မျက်ခုံးတစ်ဖက်သည်အနည်းငယ်မြင့်တက်သွား၏။ စော်ဘွားတစ်ယောက်၏ခေါ်သံအား ထိုသို့ထူးသောသူသည် ဟော်နန်းအရှင်၏ ရှေးရှု့ရာရာတစ်ယောက်တည်းသာရှိမည်ထင်၏။
"ဘယ်လိုထူးလိုက်တာလဲ"
"ဘာလဲ..မထူးရဘူးလား"
"ရှေးရှု့ရာရာ သဘော"
"အပိုတွေလာလုပ်မနေနဲ့..မင်း ငါ့ထက်ငယ်တာ ငါမသိဘူးမထင်နဲ့"
"အင်း"
"ငါ့ထက်ငယ်တယ်ဆိုတာဘဲသိတာ..အသက်အတိအကျတော့မသိဘူး..အသက်ဘယ်လောက်လဲ"
"နှစ်ဆယ့်နှစ်"
"ဘာ..အဲ့လောက်ငယ်တာလား"
"အင်း"
YOU ARE READING
ချစ်သောမြေဝယ်
Romance"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...