" ကြိုးစားထား ..ကြိုးစားထား"
တစ်ခဲနက်ထွက်ပေါ်နေသော အသံ။ အသံကုန် ဟစ်အော်၍ အားပေးနေကြသော လူအုပ်။ အားပေးကြွေးကြော်ခြင်းနှင့်အတူ ပြုံးရယ်နေကြသော လူတွေ။
ရှမ်းတိုင်းရင်းဝတ်စုံတို့နှင့် လူတို့၏ အကြည့်တို့သည် အင်းလေးကန်ပြင်ပေါ်ရှိတစ်နေရာတွင်သာ။'အင်းလေး လှေလှော်ပွဲ'
အားကြိုးမာန်တက် လှော်ခတ်ယှဉ်ပြိုင်နေကြသော အင်းသားတို့။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွှတ်မှုကို ဖော်ညွှန်းပြသပေသော ပွဲတော်တစ်ခု။ ခြေထောက်တို့ကို အားယူကာ ယှဉ်ပြိုင်နေသော အင်းသားတို့။ ထိုသူတို့၏ မျက်နှာထက်ဝယ် ကြိုးစားမှုဂုဏ်ကို ထင်ဟန်နေဟန်။
ယှဉ်ပြိုင်နေကြသော အင်းသားတို့အလယ်တွင် ထင်ရှားစွာ ပေါ်နေသော တစ်ယောက်သောသူ။မြင့်မားသော အရပ်နှင့်အတူ ရှည်လျားနက်မှောင်သော မျက်ခုံး။ ခြေထောက်ကို အသုံးပြု၍ လှေလှော်ပြိုင်နေသော ဟော်နန်းအရှင်သည် လွန်စွာကြည့်ကောင်းပေသည်။ ယောင်္ကျားချင်းပင်လျှင် နှစ်ခါပြန်ကြည့်ရသော ရုပ်ရည်ကိုပိုင်ဆိုင်ထားသော ဟော်နန်းအရှင်သည်ပြည့်စုံလွန်းသော ယောင်္ကျားတစ်ယောက်လည်းဖြစ်ပေသည်။
"ဝေး..နိုင်ပြီဟေ့"
ကြားလိုက်ရသော ရှမ်းစကားသံကြောင့် ငေးမောနေရာမှသတိပြန်ဝင်လာလေသည်။
"ဟို..ဘယ်သူနိုင်တာလဲ ဗျ"
ရှင်းလင်းစွာ မမြင်ရသောကြောင့်ရှေးရှု့ရာရာ မေးလိုက်ရပေသည်။
" ဟော်နန်းအရှင် နိုင်တာ ဝေး"
"ရေးးးး..ဟော်နန်းအရှင်နိုင်သွားပြီ"
ပျော်ရွှင်စွာ ခုန်ပေါက်နေသော ရှေးရှု့ရာရာကို အင်းသားတို့သည် ခေတ္တမျှ ငေးကြည့်မိကြပေ၏။
ထိုစဉ် ခြေတစ်လှမ်းချင်းလျှောက်လာသော ဟော်နန်းအရှင်။
ဟော်နန်း၏ အရှင်သခင်ကို မြင်သည်နှင့် ခေါင်းငုံ့သွားကြသော ဘေးလူတို့။ ခုန်ပေါက်ကခုန်နေသော တစ်ယောက်သောသူမှာတော့ သတိမထားမိသေးပေ။"အာ..ဘာလို့ခေါင်းငုံ့နေကြ..စဝ်နန်း..အဲ ဟော်နန်းအရှင်"
"အင်း..ပြီးပြီလား"
YOU ARE READING
ချစ်သောမြေဝယ်
Romance"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...