ချစ်သောမြေဝယ်-(8)

76 9 0
                                    

ငြိမ်းချမ်းလှသော နေရာဒေသတစ်ခု။
စိမ်းပြာရောင်ရေကြည်ကြည်တွင် အလုပ်လုပ်နေသော အင်းသားတို့သည် တစ်မျိုးချစ်စဖွယ်။ လှေကို လက်နှင့်မလှော် တစ်မူထူးခြားစွာပင် ခြေထောက်နှင့်လှော်၍  ဝမ်းစာရှာနေကြသော အင်းသားတို့ကို ကြည့်ရသည်မှာ အားတက်စရာမြင်ကွင်းတစ်မျိုးပင်။ ရေတွင်မျောနေသော ကျွန်းသဖွယ်အစိုင်အခဲများပေါ်တွင် ခရမ်ချဉ်သီးများသည် အပြိုင်အဆိုင်သီးနေကြပေ၏။ ဂန္ဓာမာပန်းတို့သည်လည်း အားကျမခံပွင့်နေကြလေ၏။ ခမောက်လေးကိုဆောင်းထား၍ စိုက်ပျိုးရေးလုပ်နေကြသော အင်းသူလေးတို့သည်လည်း ရိုးရှင်းစွာ အလှတင့်တယ်နေပေ၏။ မည်သည့် တန်ဆာဆင်ခြင်းမျှမပါဘဲ တစ်မူထူးခြားသောခံစားချက်ကို ဤအင်းလေးကန်မှပေးစွမ်းနိုင်လေ၏။

"အဲ့တာ ကျွန်းမျောလို့ခေါ်တယ်"

ရေပေါ်တွင် အသီးအနှံများစိုက်ပျိုးထားသော အစိုင်အခဲကို လက်ညှိုးထိုး၍ ရှင်းပြနေသော ဟော်နန်းအရှင်သည် ယောင်္ကျားဆန်လှပေသည်။

"ဟုတ်.. မြက်အမျိုးအစားအပင်ကြီးထဲကအမြစ်တွေ၊အရွက်ဟောင်းတွေ စုပေါင်းဖြစ်လာတယ်လို့ ကြားဖူးတယ်"

"မှန်တယ်"

"ထူးဆန်းစရာဘဲနော်..အဲ့တာတွေက မမြှုပ်ဘူး"

"အဲ့ဒီအပင်တွေက သေသွားတာမဟုတ်ဘူး..သူက အမြစ်တွေ  အကိုင်းတွေ ပြန်ရှင်လာသေးတယ်..အဲ့ဒီဟာတွေက နဂိုဖြစ်ထားတဲ့ ကျွန်းမျောနဲ့ဆပ်စပ်နေတာ...ဒါကြောင့် ရေအောက်မှာရှိတဲ့မြေသားနဲ့မထိဘူး..မြှုပ်တစ်ဝက် ပေါ်တစ်ဝက်ဖြစ်နေတာ"

"ကျွန်းမျောဆိုတာက အင်းသားစကားလားဗျ"

"မဟုတ်ဘူး ..အင်းသားတွေကတော့
ကျွန်းမှော်ဖုတ် လို့ခေါ်ကြတယ်"

"အော်..ဟုတ်"

"အင်းလေးသမိုင်းနားထောင်ချင်လား"

"ဟုတ်...ဟုတ်.."

အမှန်ပင်နား‌ထောင်ချင်နေသော ရှေးရှု့ရာရာသည် ခေါင်းတစ်ဆက်ဆက်ညိမ့်ကာ ပြောနေပုံမှာ အသည်းယားစဖွယ်အတိ။

"အင်းလေးကန်လို့အမည်ပေးရတဲ့ အကြောင်းအရင်းကအများကြီးဘဲ..အမျိုးမျိုးပြောကြတယ်..အင်းလေးကန်က ကချင်မှာရှိတဲ့ အင်းတော်ကြီးကန် ထက်သေးလို့ အင်လေးကန်လို့ခေါ်တယ်ဆိုတဲ့ အယူအဆလည်းရှိတယ်..တစ်ချို့က အင်းလေးရွာ ကနေ ရွာဆိုတဲ့ စာလုံးကိုဖြုတ်ပြီးခေါ်တာတဲ့..တစ်ချို့ကကျတော့ အင်စလေးဒေသမှာရှိတဲ့ကန်လေးကန်ကို အခြေခံပြီးခေါ်လိုက်တာတဲ့..အမျိုးမျိုးရှိကြတယ်"

ချစ်သောမြေဝယ်Where stories live. Discover now