ချစ်ခြင်းတရားတို့သည် ဘယ်အချိန်ကစခဲ့သည်ကိုမသိရှိသော်လည်း ပျက်သုန်းသွားမည့်အချိန်ဟူ၍ ရှိမည်မဟုတ်။ ဤလောကတွင် လူတို့သည် ချစ်ခြင်းမေတ္တာ တရားဟူသော တစ်စိတ်တစ်ပိုင်းဖြင့် ဖြစ်ပေါ်တည်ရှိနေသော လူသားများပင်ဖြစ်ကြပေသည်။ ဤမေတ္တာတရားတို့သည် မထင်မှတ်ထားသည့် အချိန် မထင်မှတ်ထားသည့်နေရာများ၌ ပေါ်ထွန်းနိုင်ကြသည်ဘဲမဟုတ်ပါလား။
ချစ်ခြင်းရဲ့ အနက်အဓိပ္ပာယ်ကို မည်သူကမှ တိတိကျကျ မကိုးကားနိုင်သော်ငြားလည်း ရှေးရှု့ရာရာအနေဖြင့် တစ်ခုတော့ ဆုံးဖြတ်၍ပြောနိုင်ပါသည်။သူ့အတွက်တော့ စဝ်နန်းသိဒ္ဓိမဟာသည် ချစ်ခြင်းတရားပင်။
ဤလူသည် သူ့အတွက် မေတ္တာဓာတ်တို့ကို အစပျိုးစေခဲ့ပါ၏။ နှလုံးခုန်သံတို့ကို မငြိမ်မသက်ဖြစ်စေပါ၏။
တစ်ဆက်တည်းပင် ယမန်ညက အနမ်းအကြောင်းကို စဉ်းစားမိသောအခါ နှုတ်ခမ်းသားတို့ကို ရုတ်တရက်ကိုက်မိသွားပြန်ပါ၏။ မိမိကိုယ်တိုင်က စိတ်ပါခဲ့သည်ပင်။ မည်သူ့ကိုမှအပြစ်ဆို၍မရ။ မိမိကအစောကြီးတည်းက ချစ်မိသွားခဲ့ချေပင်ပြီ။ သို့သော် မိမိအနေဖြင့် ဤနေရာကို အဘယ်ကြောင့်ရောက်လာရသည် ဟူသော အကြောင်းကိုလည်း မေ့ထား၍မရပေ။
ရှေးရှု့ရာရာ၏မိခင် အရိုးပြာအိုးကို သွားပြန်တောင်းသင့်သော အချိန် ကျရောက်ပြီထင်ပါ၏။ ခွဲခွာရတော့မည့် အချိန်နီးကပ်လာချေပြီ။ နီးကပ်လာသော အချိန်တို့အတွက် တွေးပူရပြန်ပါ၏။
ထိုသို့တွေးပူနေ၍လည်း မည်သို့မျှအကျိုးဖြစ်မည်မဟုတ်။ သူသည် လာရာလမ်းအတိုင်းပြန်မည့် ဧည့်သည်မျှသာဖြစ်ပေသည်။ မပြန်ခင် မိမိ ဤနေရာသို့ လာရသည့် အကြောင်းကို အကောင်အထည်ဖော်ရပေအုံးမည်။
ထို့ကြောင့် တွေးတောနေရာမှ ရပ်လိုက်လေ၏။"သခင်မ ဒေါ်စောလွှမ်းဆီ သွားရမယ်"
::::
:::::
:::
::::
:::
:::
:::
::
::
::ဒေါ်စောလွှမ်း ၏ အိမ်တော်သို့ရောက်သောအခါ
ဧည့်ခန်းထဲမှာ စာဖတ်နေသော သခင်မဒေါ်စောလွှမ်းမှ လှမ်းခေါ်လေ၏။"သား..ရှေးရှု့ရာရာ"
"ဟုတ်..အန်တီ..ကျွန်တော်နဲ့ စကားပြောနိုင်မလား ဗျ"
YOU ARE READING
ချစ်သောမြေဝယ်
Romantik"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...