ချစ်သောမြေဝယ်-(3)

76 13 0
                                    

ရှေးရှု့ရာရာသည် သူ့ရှေ့ရှိအိမ်ကြီးကိုကြည့်၍ပါးစပ်အဟောင်းသားဖြစ်ရပေသည်။အိမ်ကြီးမဟုတ်။စော်ဘွားအသုံးအနှုန်းနှင့်ပြောရလျှင် ဟော်နန်းကြီးသည်လွန်စွာကျက်သရေရှိလှပေသည်။
နောက်တစ်နည်းဖြင့် မှတ်ချက်ချရလျှင် မြင့်မြတ်လှပပေသည်။

ဤမြင့်မြတ်သော၊ကျက်သရေရှိသော ဟော်နန်းမှ သူ့အားဆင့်ခေါ်ခြင်းသည် အဘယ်သို့သောအရေးကိစ္စများကြောင့်ပါလိမ့်။

"အထဲဝင်ပါရော့..အသင်"

အစောင့်တစ်ယောက်ရဲ့အသံကြောင့် ဟော်နန်းထဲဝင်ရန်ခြေလှမ်းစလိုက်‌လေသည်။

"ဟုတ်ကဲ့ဗျ"

ပြန်ဖြေလိုက်သော်လည်းရင်ထဲမှာတော့တစ်ထိတ်ထိတ်။ဘယ်လိုရှေ့ဆက်ရပါမလဲ။
ဟော်နန်းသည်ကြီးမားလှသလို အခြွေအရံတို့လည်းများလှပေ၏။ဟော်နန်း၏ပိုင်ရှင်တို့အပန်းဖြေရန်ထားထားသောပန်းခြံကြီးသည်လည်းကြီးမားလှပေ၏။
‌လမ်းလျှောက်လာသော သူ့ကို ‌စူးစမ်းသလိုကြည့်နေသော အခြွေအရံများ၏အကြည့်များကိုရှောင်ဖယ်ကာ ဆက်လက်‌လမ်းလျှောက်လာလိုက်ပေသည်။

"ရောက်ပါပြီ..အသင်...ထိုနေရာထံသွားပါ..သခင်မကြီးစောင့်နေပါတယ်.."

အစောင့်ညွှန်ပြသော နေရာကိုကြည့်လိုက်သောအခါ တံခါးပိတ်ထား‌သောအခန်းတစ်ခု။ထိုအစောင့်ကတော့ထွက်သွားချေပြီ။
တိတ်ဆိတ်စွာဖြင့် အခန်းအနားသို့သွားရောက်လိုက်လေ၏။ ထို့နောက် တွင် စိတ်ကိုအတတ်နိုင်ဆုံးလျော့ချ၍အခန်းတံခါးကိုဖြေးညှင်းစွာဖွင့်လိုက်ပေသည်။
တံခါးဖွင့်လိုက်သောအခါ မြင်တွေ့လိုက်ရသည်မှာ အမျိုးသမီးတစ်ဦး၏ ကျောပြင်။

"ရောက်လာပြီဘဲ.."

နောက်သို့လှည့်ကြည့်၍စကားပြောလာသော သခင်မကြီးသည်တည်ငြိမ်လှပေသည်။ကျက်သရေရှိလှပေသည်။

"ဟုတ်ကဲ့..သခင်မကြီး"

"မင်း အမေရဲ့အရိုးပြာရော"

ထွက်ပေါ်လာသောအသံသည် ပြတ်သားလှပေသည်။

"ကျွန်တော် သခင်မဒေါ်စောလွှမ်းတို့အိမ်‌မှာ ခဏထားရစ်ခဲ့ပါတယ်ဗျ.."

ချစ်သောမြေဝယ်Where stories live. Discover now