13.5.2024 မှာစတင်ခဲ့တဲ့ 'ချစ်သောမြေဝယ်'ဆိုတဲ့ဖန်တီးမှုလေးဟာ 23.10.2024 မှာ အပိုင်း (30) {ခန့်မှန်းခြေ စာလုံးရေ သုံးထောင်ကျော်} နဲ့အဆုံးသတ်သွားခဲ့ပါပြီ..
မရေးတတ်ဘဲရေးတော့ ကိုယ့်ဖန်တီးမှုက ဆားမပါတဲ့ဟင်းလိုဖြစ်နေတယ်..ဒါပေမယ့် ပထမဆုံးဖန်တီးမှုဆိုတဲ့အတွေးနဲ့တင် ကိုယ်ကျေနပ်အားရမိပါတယ်
ဒီ ဖန်တီးမှုကို လုပ်ဆောင်နေတဲ့အချိန်တွင်းမှာ ကိုယ့်အပေါ်ကိုလွှမ်းမိုးထားနိုင်တဲ့ စာအုပ်နှစ်အုပ်ရှိပါတယ်..
တစ်အုပ်က ဆရာမခင်ခင်ထူးရဲ့ 'ပန်းကြာဝတ်မှုန်' ဆိုတဲ့ စာအုပ်ဖြစ်ပြီးတော့ တစ်အုပ်ကတော့ စာရေးဆရာမဏီးရာ ရေးခဲ့တဲ့ 'တည်' ပေါ့..နှစ်ခုလုံးက ရှမ်းတွေနဲ့ပတ်သတ်တဲ့ အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီစာတွေဖတ်တဲ့အခါမှာ ရှမ်းတို့နဲ့သက်ဆိုင်တဲ့ဖန်တီးမှုကိုပြုလုပ်ချင်ခဲ့ပါတယ်.. ဖြစ်အောင်လည်းဖန်တီးနိုင်ခဲ့ပါတယ်
ဒါကြောင့်မို့ အကယ်၍ ကိုယ်အခု ရေးထားတာတွေက လေးစားအားကျရသောစာရေးဆရာမတို့နဲ့ ဇာတ်လမ်းအကြောင်းအရာ၊ ဆက်စပ်မှု စသဖြင့် တူနေတယ်ဆိုရင် လာရောက်ပြောကြားပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်..ဗျ
ပြီးတော့ ကိုယ်ရဲ့ ဖန်တီးမှုမှု အားနည်းချက်တွေများပါတယ်..ကိုယ်ကိုယ်တိုင်မဖတ်ရသေးတော့ သေချာမသိသေးပေမယ့်.. ဒီအားနည်းချက်တွေကို တစ်ဦးတစ်ယောက်သော စာဖတ်သူပင်ဖြစ်စေ ထောက်ပြပေးရင် တကယ့်ကိုကျေးဇူးတင်မိပါလိမ့်မယ်..ဗျ
နောက်တစ်ခုက အပိုင်း(30) နောက်ဆုံးအပိုင်းမှာ.
ကိုယ်ရဲ့ ကဗျာမမည်သော ကဗျာလေးသေးသေး လေးက ကောင်းခြင်းမမည် ဆိုးခြင်းမရောက်ဖို့ကိုလည်းမျှော်လင့်မိပါတယ်..နောက်ဆုံးပြောချင်တာကတော့..ဟော်နန်းအရှင်နဲ့ ရှေးရှု့ရာရာတို့ကို ချစ်ပေးလို့ကျေးဇူးတင်ပါတယ် ဗျ..
ဟော်နန်းအရှင်နဲ့ ရှေးရှု့ရာရာတို့ရဲ့ information တွေကို နောက်နေ့ တင်ပေးပါ့မယ်..ဤသေးငယ်သောဖန်တီးမှုကို ကျေနပ်ခြင်းမရှိသည့်တိုင် မကျေနပ်ခြင်းလည်းမရှိစေဖို့ဆုတောင်းလျက်......
Moe Tee Myae
ကောင်းမွန်သောနေ့ရက်များကိုပိုင်ဆိုင်ကြပါစေ______________________________________
ကိုယျရဲ့ကဗျာမမည်သော ကဗျာလေးသေးသေး လေးက ကောင်းခြင်းမမည် ဆိုးခြင်းမရောက်ဖို့ကိုလည်းမျှော်လင့်မိပါတယ်..နောက်ဆုံးပြောချင်တာကတော့..ဟော်နန်းအရှင်နဲ့ ရှေးရှု့ရာရာတို့ကို ချစ်ပေးလို့ကျေးဇူးတင်ပါတယ် ဗျ..
Moe Tee Myae
YOU ARE READING
ချစ်သောမြေဝယ်
Romance"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...