ချစ်သောမြေဝယ်-(4)

77 13 0
                                    

လှသော ပန်းတို့သည် လေအေးတစ်ချက်တိုက်လိုက်တိုင်းတွင် ကခုန်နေဟန်ယိမ်းနွဲ့နေကြသည်။ လိပ်ပြာတို့သည် ပန်းတစ်ပွင့်မှတစ်ပွင့်သို့ကူးလူးနေ၏။ ပန်းပေါင်းစုံဖြင့်လှသော မြင်ကွင်းသည် ဟော်နန်း၏တမူထူးခြားသော ပန်းဥယျာဉ်တွင်တွေ့မြင်နိုင်လေသည်။ ထိုသို့လှသော သက်မဲ့ပန်းများကြားထဲတွင် အလှတရားတို့ကိုပိုမိုပြည့်စုံအောင် ထပ်မံကူညီဖြည့်စွက်နေသော သက်ရှိလူသားလေးလည်းရှိလေသည်။ လှသော လူသားလေး..တစ်နည်းအားဖြင့် လှသော အမျိုးသားငယ်။
ထိုအမျိုးသားလေးသည် ပန်းရနံ့ကြောင့်စိတ်ရွှင်နေသည်ထင်။မျက်နှာလေးသည် ကြည်လင်နေသည်။
မျက်လုံးလေးတို့သည် ထိုနည်း၎င်းတောက်ပနေပေသည်။လှသောမျက်နှာလေးသည် ဖြောင့်စင်းနေသောနှာတံ၊ ထူသယောင်ပါးသယောင်နှင့် ပန်းရောင်သန်းနေသော နှုတ်ခမ်းလွှာ၊ဆံပင် အုပ်အုပ်လေးတို့သည် ထိုလူသားလေး၏အလှကိုပုံဖော်စေပေသည်

"လှလိုက်တာ..မနက်အစောကြီးလာလိုက်တာမှန်သွားပြီ"

တစ်ကိုယ်တည်းပျော်ရွှင်စွာတီးတိုးပြောဆိုနေသော ထိုလူသားလေး။ထိုလူသားလေးသည် ပန်းတို့၏နှစ်လိုဖွယ်ကောင်းသော အဆင်းအနံ့တို့ကြားမှာနစ်ဝင်နေသည်ထင်။နောက်တွင်လူ ရောက်နေမှန်းပင်သိရှိခြင်းမရှိ။
နောက်ရှိလူသည်လည်းသတိပေးခြင်းမရှိ..ငြိမ်သက်မြဲငြိမ်သက်နေပေသည်။

"မင်းကပိုလှတာကို မသိရော့လေ‌ဘူးလား"
"အောင်မယ်လေး..ဘုရား"

လန့်သွားသောကြောင့်အနည်းငယ် ပြူးနေသောမျက်လုံးလေးတို့သည် အသည်းယားဖွယ်အတိ။
"ဗျာ..ဟိုဟာ မကြားလိုက်လို့"

ချစ်ဖို့ကောင်းသော ကောင်လေး၏အမူအရာကြောင့်တစ်ဖက်လူ၏မျက်နှာသည်အနည်းငယ်ပြုံးယောင်သန်းသွားပေ၏။

"ဒါနဲ့.ခင်ဗျား..ခင်ဗျားက"

ထွက်ပေါ်လာသော နာမ်စားကြောင့် တစ်ဖက်လူသည်မျက်ခုံးတစ်ချက်ကိုမသိမသာပင့်လိုက်လေ၏။
"အင်း.."

"ဟိုနေ့က ဟိုဆိုင်မှာ..ဟိုဆွဲကြိုး..ပြီးတော့ ဟိုလူ"

စကားကို 'ဟို' ထပ်တလဲလဲဖြင့်ပြောနေသော ကောင်လေးမှာ အနည်းငယ်ရယ်ချင်စဖွယ်ဖြစ်နေ၏။ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်တာပါလဲ။
တစ်ဖက်လူသည်ကောင်လေးအားအဖြေပြန်ပေးလိုက်ရပေသည်။မဟုတ်လျှင် ဟိုပုံပြင် တစ်ထောင့်တစ်ညဖြစ်တော့မည်မဟုတ်ပါလော။
"ဟုတ်တယ်..ဟိုလူဘဲ"

ချစ်သောမြေဝယ်Where stories live. Discover now