ကြည်လင်နေသော မျက်လုံးလေးများသည် သူ့အားပြုံးပြနေသယောင်။ တည်တံ့နေသော မျက်နှာလေးသည် လူကြီးဆန်ချင်ယောင်ဆန်ယောင်ထားသော ကလေးပေါက်စလေး၏ချစ်စရာအမူအရာပင်ဖြစ်နေသည်။
မျက်မှောင်ကြုံ့ထားသော ထိုကလေး၏ စိတ်ရှုပ်နေသော အမူအရာမှာ အသည်းယားစဖွယ်ပင်ဖြစ်သည်။"ဒီလောက်တောင်ချစ်ဖို့ကောင်းခဲ့တာဘဲ"
လွမ်းဆွတ်စွာပြောနေသော ရှေးရှု့ရာရာသည် သူ့မိခင်၏ ကိုယ်ပိုင်သေတ္တာထဲမှ ဟော်နန်းအရှင်၏ ဓာတ်ပုံတစ်ပုံကို ကြည့်နေလေသည်။
"မျက်လုံးတွေက ဘာလို့ဒီလောက်လှရတာလဲ"
"ရှေးရှု့ရာရာ"
မကြားရသည်မှာ ကြာနေပြီဖြစ်သော ထိုအသံ။ရှေးရှု့ရာရာ၏ ခန္ဓာကိုယ်သည် အနည်းငယ်တုန်တက်သွားချေသည်။
"ဟူး..အိပ်ရေးပျက်တာများသွားပြီထင်တယ်"
"ရှေးရှု့ရာရာ"
ရှေးရှု့ရာရာ၏ နှလုံးသားသည်လှုပ်ခတ်သွားချေ၏။
"မဖြစ်နိုင်တာတွေ"
"ရှေးရှု့ရာရာ"
အခန်းထဲသို့ ဖြေးညှင်းစွာဝင်လာသော ဟော်နန်းအရှင်သည် ရှေးရှု့ရာရာအားမြတ်နိုးစွာကြည့်နေလေသည်။
"ဟော်..ဟော်နန်းအရှင်"
"အင်း..ရှေးရှု့ရာရာ"
"မလာနဲ့..မင်း လာလို့မရဘူး"
ချက်ချင်းထ၍ နောက်သို့ဖြေးဖြေးချင်းဆုတ်သွားပါသောရှေးရှု့ရာရာ။
"ရှေးရှု့ရာရာသိထားတာတွေ အကုန်အမှားတွေမို့..လာခွင့်ပြုပါ"
"မင်းမသိပါဘူး..မင်းနဲ့ငါနဲ့က ညီ......"
နီးစပ်သွားသော အကွာအဝေး။ ပူးကပ်သွားသော ခန္ဓာကိုယ်နှစ်ခု။ ထပ်တူကြသွားသော အနမ်းတစ်စုံ။
ဟော်နန်းအရှင်သည် ရှေးရှု့ရာရာအား ညှင်သာစွာနမ်းလိုက်လေ၏။
"ရှေးရှု့ရာရာသိထားတာအမှားတွေမို့ ကိုယ်တို့အတူရှိလို့ရတယ်"
"တကယ်လား..မင်းမလိမ်နဲ့နော်"
"ရှေးရှု့ရာရာအပေါ်မှာ မုသာဝါဒကံကို တစ်သက်တာ မကျူးလွန်ဘူး"
YOU ARE READING
ချစ်သောမြေဝယ်
Romantik"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...