ချစ်သောမြေဝယ်(30 or End)

22 2 0
                                    

"ရှေးရှု့ရာရာ...ပြီးရင် သွားစရာရှိတယ်"

ဟော်နန်းအရှင်၏စကားသံကိုကြားသည်နှင့်အိပ်ရာပေါ်မှ ထလာပါသောရှေးရှု့ရာရာ။

"အင်း..ဘယ်သွားမို့လဲ"

"ချယ်ရီပန်းကြည့်ဖို့"

"အွန်း..အွန်း..အခုသွားရအောင်လေ"

"အအေးလျော့မှသွားရအောင်..ရှေးရှု့ရာရာ"

"ဒါနဲ့လေ..ငါမေးစရာရှိလို့"

"အင်း"

"ရှေးရှု့ရာရာ လို့ခေါ်ရတာမမောဘူးလား"

"ဘယ်လိုခေါ်စေချင်လဲ"

"ကိုကို"

"...."

"ခေါ်ကြည့်လေ"

"ရှေးရှု့ရာရာ"

"ရှေးရှု့ရာရာမရှိဘူး..ကိုကိုဘဲရှိတယ်..ခေါ်လို့..ကိုကိုလို့ခေါ်ပါဆိုနေ"

လိုချင်သည်ကိုမရသောအခါ နှုတ်ခမ်းလေးဆူထွက်လာသော ရှေးရှု့ရာရာ။ တစ်ဖန် ကုတင်ပေါ်မှဆင်းကာ ကြမ်းပြင်ကို ခြေထောက်ဖြင့်ဆောင့်ကန်နေလေသည်။

"ခြေထောက်နာမယ်"

"‌ကိုကိုလို့ခေါ်ကြည့်ပါဆိုမှ...မင်းမခေါ်ရင် ငါမနမ်းတော့ဘူး"

ထိုသို့ပြောလိုက်သောအခါ ဟော်နန်းအရှင်သည်အသံတိတ်ကာတစ်ခုခုကိုသဲကြီးမဲကြီးစဉ်းစားနေလေ၏။

"ခေါ်ရင်နမ်းမှာလား"

"မင်းကြိုက်သလောက်နမ်း..မဟုတ်ရင်တော့ အနားတောင်မကပ်နဲ့..ကိုကိုတို့က No ပါနော်"

"ကို..ကို"

တိုးညှင်းစွာထွက်ပေါ်လာသော အသံလေးသည် ချစ်စဖွယ်ပင်ဖြစ်သည်။ရှေးရှု့ရာရာ၏ သွားထပ်တစ်ဖက်သည် ထင်ရှားစွာထွက်ပေါ်လာ၏။ ဟော်နန်းအရှင်၏နားရွက်နှစ်ဖက်တို့သည်ကား နီရဲစွာ။

"အားး..ချစ်စရာလေး..နောက်တစ်ခါလောက်ခေါ်ပေး..မဟုတ်ဘူး..နောက်လည်းအဲ့လိုဘဲခေါ်နော်.မ‌ခေါ်ရင် လာမနမ်းနဲ့"

"ခေါ်ပေးမှာမို့..အခုတော့နမ်းရအောင်..ကိုကို"

ရုတ်တရက်ပင်လျင်မြန်စွာ ဆွဲယူခံလိုက်ရပါသော ရှေးရှု့ရာရာ။ဤတစ်ခါတွင် အရှက်သည်းရသူကား ရှေးရှု့ရာရာပင်။ မျက်လွှာချကာ ပါးနှစ်ဖက်သည်စတော်ဘယ်ရီသီးအရောင်ဖြစ်နေလေ၏။

ချစ်သောမြေဝယ်Where stories live. Discover now