ချစ်သောမြေဝယ်-(25)

27 6 0
                                    

ငြိမ်သက်နေသော အခန်းထဲတွင် လူနှစ်ဦးသည်လည်း တိတ်ဆိတ်စွာ။ မည်သည့်စကားမျှမဆိုသောအခြေအနေတွင်ပင် လေထုသည်အေးစက်စက်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်"

တိတ်ဆိတ်ခြင်းကိုစတင်ဖြိုခွဲလိုက်သူမှာ ဟော်နန်းပင်တည်း။ တစ်ဖက်တွင်ထိုင်နေသော ဒေါ်စောလွှမ်းသည် အံ့အားသင့်သွားလေ၏။ ဆက်ခနဲပင် ဟော်နန်းအရှင်အား ထိတ်လန့်ဖွယ်အကြည့်တို့နှင့်ပြန်ကြည့်လိုက်လေ၏။

"အဲ့ဒါကို..ဘယ်လိုလုပ်သိတာလဲ..အရှင်"

"ဖုံးကွယ်လို့မရတဲ့အရာမို့..ခုတည်းကပြော"

"အရှင့်..မယ်တော်မှ ဟုတ်ပါလေစ"

အံကိုကြိတ်၍မေးလိုက်ပါသော ဒေါ်စောလွှမ်းသည် ဒေါသထွက်နေဟန်ပင်။

"ရှေးရှု့ရာရာ ဆီသွားခဲ့တယ်"

"သခင်မကြီးက..ဒါဆို သူဘာပြောခဲ့လဲ သိလား..အရှင်"

"ရှေးရှု့ရာရာ ကျွန်တော့်ကို ရှောင်နေတယ်"

"သူ တစ်ခုခုပြောခဲ့တယ်ပေါ့"

"အင်း"

"အဲ့တာဆို သူပြောတာတွေအမှန်မဟုတ်လောက်ဘူး..အရှင်"

"အမှန်..သိချင်တယ်"

"ကောင်းပါပြီ..တစ်သက်လုံးဖုံးထားလို့မရမယ့်အတူတူ ပြောပါ့မယ်"

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က"

ပြောနေသော ဒေါ်စောလွှမ်း၏ အကြည့်တို့သည် လွန်ခဲ့သော နှစ်များဆီက ပုံရိပ်များဆီသို့ ရောက်ရှိသွားလေသည်။ နှင်းဆီခင်းကြီးနှင့် နှင်းဆီတစ်ပွင့်တို့အလယ်ရှိ အမျိုးသမီးတစ်ဦးကို မြင်ယောင်လာလေ၏။ ဆေးလိပ်ကိုမိန်း‌မောစွာရှုတတ်သော မိန်းမအပျိုတစ်ဦး၏ ရှုမငြီးဖွယ်အလှသည် ထင်ရှားစွာပေါ်လာလေ၏။

လွန်ခဲ့သော နှစ်နှစ်ဆယ်။ နှစ်နှစ်ဆယ်ကျော်ကြာသည့်တိုင်အောင် အတိတ်ပုံရိပ်တို့သည် အသစ်တစ်ဖန် အတွေးအာရုံထဲသို့ဝင်ရောက်လာလေ၏။ မြင်ကွင်းတို့သည် ထိုအတိတ်ရက်များဆီသို့။

______________________________________

::⁠-⁠[ အတိတ်သို့...

"ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ"

ချစ်သောမြေဝယ်Where stories live. Discover now