ချစ်သောမြေဝယ်-(11)

53 9 1
                                    

"ရှေးရှု့ရာရာ ကိုမထိနဲ့"

"သား‌တော်..မင်းရဲ့မယ်တော်ကို တားနိုင်လို့လား"

"ရတဲ့ နည်းနဲ့တားမှာ"

တိတ်ဆိတ်နေသော အခန်းထဲတွင် အေးစက်သော အသံနှစ်သံသည် မာနတရားတို့နှင့်အတူထွက်ပါိနေလေ၏။

"ယုံကြည်ချက်ပြင်းနေချည်ရဲ့...သားတော်"

"ရှေးရှု့ရာရာကို မထိမိစေနဲ့.."

"ဟော်နန်းအရှင်က ခံစားချက်တွေကို ကောင်းကောင်းမထိန်းတတ်သေးဘူးဘဲ.."

"ရှေးရှု့ရာရာ တစ်ယောက်တည်းအတွက်ဘဲ"

"ဘယ်သူတစ်ဦးတစ်ယောက်အတွက်ကြောင့်မှမဖြစ်စေရဘူး..ဟော်နန်းအရှင်..ငယ်စဉ်က သင်ကြားပေးခဲ့တာတွေက ဒီလိုတွေဖြစ်လာဖို့မဟုတ်ဘူး.. ဟော်နန်းအရှင်က မေ့သွားတာထင်တယ်..ပြန်လည်မှတ်မိချင်နေတာလား ဟော်နန်းအရှင်"

"ကလေးမဟုတ်တော့ဘူး"

"ဟက်...မကြောက်တော့ဘူးလို့ဆိုချင်တာပေါ့"

"အင်း.."

"သားတော် အရွယ်ရောက်တာ မြန်သလိုဘဲ..အချစ်အတွက်တောင် စကားတွေများတတ်လာပြီဘဲ.."

ဟော်နန်းအရှင်သည် မည်သည့်စကားမျှမဆိုပေ။ ထို့‌ နောက်တွင်ထိုင်ရာမှထ၍ ထွက်သွားလေ၏။

"သိပ်တူတယ်...ဟက်..အဆုံးထိလုပ်သင့်ရင်လုပ်ရမှာဘဲ ...သားတော်..."

ဟော်နန်းအရှင်ပိတ်သွားသော တံခါးကိုကြည့်၍ ဟော်နန်းပိုင်ရှင်၏ မယ်တော်သည် ရယ်လေတော့သည်။ အသက်မပါသော ရယ်သံသည် ခြောက်ကပ် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

တံခါးအပြင်ဘက်တွင် ရှိနေဆဲဖြစ်သော ဟော်နန်းအရှင်ကို ဘေးတွင်ရှိနေသော စိုင်းနောင်မှ မေးလိုက်လေသည်။

"အရှင် ဘာကိစ္စရှိလဲ သိလို့ရနိုင်ပါသလား"

"ရှေးရှု့ရာရာ အဲ့ကိုရောက်သွားတယ်"

"အဲ့ကိုဆိုတာ.."

"အင်း.."

"တားမြစ်နယ်မြေ...အဲ့တာဆို ဘယ်သူက.."

"မယ်တော်ဘဲ.."

စိုင်းနောင်သည် သူ၏ အရှင်သခင်ကိုယ်စားသက်ပြင်းခိုး၍ချလိုက်လေ၏။

ချစ်သောမြေဝယ်Where stories live. Discover now