မည်သို့နေရမည်နည်း။ သူမည်သို့သော စိတ်မျိုးနှင့်ရှင်သန်နေရမည်နည်း။ မိမိညီကိုမှ ချစ်သောစိတ်ထားခဲ့မိသောသူသည် မည်သို့သောစိတ်ဖြင့် နေရပါမည်နည်း။ သိလိုက်ရသောအချိန်သည်လည်း နှောင်းခဲ့ပြီ။
ရှေးရှု့ရာရာသည် စဝ်နန်းသိဒ္ဓိမဟာအား များစွာချစ်ခဲ့ပြီးချေပြီ။ ဤသို့သော ဖြစ်ရပ်မျိုးကို သူမည်သို့လက်သင့်ခံရပါမည်အံ့နည်း။ရှေးရှု့ရာရာသည် သည်းထန်စွာငိုလေသည်။ ငိုနေခြင်းမှလွဲအခြားသောအရာတို့ကိုသူမတတ်နိုင်တော့။ သူပင်ပန်းလွန်းနေပြီ။
မိခင်၏ ရှုပ်ထွေးလှသော အတိတ်သည် သူ့အားခြောက်လှန့်နေပေ၏။ဝမ်းနည်းခြင်းထက် ပူဆွေးမှုတို့က ပို၍အလေးသာနေပေ၏။ ပူသည်။ ပူလွန်းလှသည်။ နှလုံးသားထဲတွင် မီးစတစ်ခုထည့်ထားသလိုပူလှပေ၏။
သူ..သူမည်သို့ဆက်လုပ်ရမည်အံ့နည်း။ဟော်နန်းအရှင်အား သူမည်သို့ပြောရပါမည်အံ့နည်း။ အဆက်အသွယ်ဖြတ်ရမည်လား။ သို့မဟုတ် အဝေးသို့ထွက်သွားရမည်လား။
"ရှေးရှု့ရာရာ"
"ဟော်..ဟော်နန်းအရှင်လား"
သတိမကပ်ပါသော ရှေးရှု့ရာရာသည် မြင်ကွင်းတို့မသဲကွဲတော့။ သူ၏သူငယ်ချင်းများရောက်နေသည်ကိုပင်သတိမထားမိတော့ပါချေ။
"ရှေးရှု့ရာရာ..သူငယ်ချင်း..သတိထားပါအုံး..ငါတို့လေ"
"အင်း..ငါ..ငါသေတော့မလိုဘဲ..မွန်းကြပ်လွန်းလို့ပေါက်ကွဲထွက်တော့မယ်...နာကျင်တယ်..နာကျင်လွန်းလို့ ရူးမတတ်ဘဲ"
"ငါတို့ရှိပါတယ်..သူငယ်ချင်းရယ်.."
ရှေးရှု့ရာရာ အမြင်တို့ဝေဝါးသွားလေ၏။ ခန္ဓာကိုယ်တစ်ခုလုံးပျော့ခွေသွားလေ၏။
"ရှေးရှု့ရာရာ..ရှေးရှု့ရာရာ.."
ဟော်နန်းအရှင်အသံလား။မဖြစ်နိုင်ပါ။သူ ဟော်နန်းအရှင်အားတွေ့ရန်အဆင်သင့်မဖြစ်သေးပေ။
ထွက်ပေါ်လာသော အသံတို့သည်ကြားတစ်ချက်၊မကြားတစ်ချက်။"ရှေးရှု့ရာရာ"
သေချာသွားသည်။ ဟော်နန်းအရှင်ပင်။ သူမျက်လုံးတို့မှိတ်ကျသွားလေသည်။ မျက်လုံးထောင့်နားတွင်မျက်ရည်စတို့လာရောက်နားခိုလေ၏။ အမြင်တစ်ခုလူံးအမှောင်ကျသွားလေသည်။ သူခေတ္တ နားရန်လိုအပ်ချေပြီ။
YOU ARE READING
ချစ်သောမြေဝယ်
Romansa"သန္တုဠီစ" "ဟင်..ဘာပြောတာလဲ" "ရှေးရှု့ရာရာ.." "ဟင်.." "ခန္တီတရားကို ခဏလောက်ချိုးဖောက်ခွင့်ပြုပါ.." #ရှမ်းစော်ဘွားတွေနဲ့ပတ်သတ်ပြီးရေးတာဖြစ်ပေမယ့် အခေါ်အဝေါ်တွေ၊အသုံးအနှုန်းတွေနဲ့ပတ်သတ်လို့ ကိုယ့်စိတ်ကူးနဲ့ဖြစ်တာမလို့ အကယ်၍ အကြိုက်မတွေ့ရင်အားနာရပါတယ်ဗ...