001

882 72 18
                                    

လူ့ပြည်သို့ ဆင်းမည်...............။


" နတ်ဘုရား မက်သရူး ! ! နတ်ဘုရား မက်သရူး ! ! နတ်ဘုရား မက်သရူး ! ! "

အချစ် နတ်ဘုရား ရဲ့ ဟာ ပျော်ရွှင်ခြင်း နတ်ဘုရား မက်သရူး ကို လည်ချောင်းကွဲမတက် နန်းဆောင်ရှေ့က အော်ဟစ်ခေါ်နေသည်..။ နန်းဆောင် တံခါးစောင့် နတ်သူငယ်လေးတွေပင် နားစည်တွေ ကွဲထွက်တော့မလို..။

" ဒီ အကြွေးစာရင်းစာအုပ်မှာ လိုသလောက် စွမ်းအင် ပမာဏ ကို ရေးမှတ်သွားပေးပါနော်... ကျွန်တော်မျိုး တို့ရဲ့ နတ်ဘုရား ကျိန်းသေပေါက် ပြန်ဆပ်မှာပါ.. အခုလောလောဆယ် ကျွန်တော်တို့ အရှင်က အပြင်ဘယ်လိုမှ ထွက်လာလို့မရလို့ပါ..."

နတ်သူငယ်လေး ရဲ့ စကားကြောင့် နတ်ဘုရား ရစ်ကီ က ဒေါသပိုထွက်လာတာကြောင့် သူ့ ခေါင်းက အဖြူရောင်ဆံပင်တွေက ချက်ချင်း အနီရောင်သို့ ပြောင်းသွားတော့သည်...။

" ဘာကို ထွက်မတွေ့နိုင်တာလဲ... သူနဲ့ ငါ က.. ငယ်ငယ်ကနေ အခု အသက် ၂၀၀ ကျော်တဲ့အထိ ဧကရစ် လက်ထဲ ကြီးလာကြတာပါ... အဲ့လောက် သူ ဘဝင် မြင့်စရာမလိုပါဘူး.."

" အယ်.... အရှင်နတ်ဘုရား... ဒေါသလေးလျှော့ပါ... ကျွန်တော်မျိုးတို့အရှင် ရဲ့အခုလက်ရှိအခြေအနေအရ ရှက်လို့ ဘယ်သူ့ကိုမှ မျက်နှာမပြရဲဘဲ ရှက်လို့ပါ..."

" ဖယ်ကြစမ်း... ငါ ဝင်တွေ့မယ်.. မဟုတ်ရင် အကုန် ငါ့လက်ထဲ နတ်သက်ကြွေကုန်မယ်..."

နတ်ဘုရား ရစ်ကီ က သူ့ လက်ကိုဝှေ့ရမ်းကာ ခြောက်လိုက်တော့ နတ်သူငယ်လေးကို မျက်စိလေးကလယ် ကလယ်နဲ့ ကိုယ်ကိုရို့လိုက်ကြသည်...။

" ဟင်း... နတ်ဘုရား ရစ်ကီကို ဝင်လာခိုင်းလိုက်...."

အထဲက အသံ သေးသေး တစ်ခုကို ကြားလိုက်ချိန်မှာ နတ်သူငယ်လေးတွေက နတ်ဘုရား ရစ်ကီ ရဲ့ လမ်းကို ပိတ်ရပ်မနေဝင့်တော့ဘဲ ဘေးကပ်ရပ်ပေးလိုက်ကာ ' အထဲကိုကြွပါ နတ်မင်း ' ဟု ရိုရိုသေသေ ပြောလာကြတော့သည်..။

ပျော်ရွှင်ခြင်း နန်းဆောင်၏ အဓိက ပုလ္လင် ပေါ်တွင် ဘယ်သူမှ ရှိမနေသည့်အတွက် ရစ်ကီ ဧည့်သည် စားပွဲတွင် ဟိတ်ဟန်အပြည့်ဝင်ထိုင်ရင်း နတ်သူငယ်တွေ လာဆက်သသည့် 'စိတ်အေးချမ်းပျော်ရွှင်' ဆိုသည့် ရေနွေးကြမ်းကို သောက်နေလိုက်သည်...။

Zero Sugar DaddyWhere stories live. Discover now