005

343 53 13
                                    

နတ်ဘုရားတစ်ပါး ရဲ့ မကြင်နာတတ်တဲ့ အပေါစား Daddy ...........

" အူးးးးး ..................ဝါးးးးးးးးးးးးးးးးးးးးးးးး........................"

မက်သရူး အာရုံလွှဲရန် အာခေါင်ကိုခြစ်ကာ အော်ငိုဟန်ဆောင်လိုက်သည်....။ ထိုသို့အသံပြဲနဲ့ အော်ငိုရင် လူတွေဝိုင်းအုံလာပြီ သို့လော သို့လော ထင်ကုန်မည့်အချိန်တွင် သူ လစ်ထွက်ဖို့သာ ဖြစ်သည်...။

လူသား ဘင်း က ထိပ်ထိပ်ပြာပြာ ဖြစ်သွားသလို ထင်ရပေမယ့် လျင်မြန်သည့် အရှိန်နဲ့ သူ့ကို စွေ့ခနဲ ကောက်ချီကာ ကားထဲသို့ ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်....။ ဘာလဲ ဟ ဒီလူသား က မထင်ထားလောက်အောင် လျင်တာပဲ ဟု မက်သရူး မှတ်ချက်ချမိသည်...။

"ဂူဂါးဂီဘီဒီဘို............... ချီ....... နဲ့..."

[ လူသား ဘင်း ငါ့ ကို မချီနဲ့ ]

အော်ဟစ်ငိုယိုချင်ယောင်ဆောင်ကာ နှုတ်မှ ပြောနေသည့် စကားတွေက ဗလုံးဗထွေး ထွက်လာသည်..။

အာ... သူမှာ ဘာစွမ်းအင်မှ မရှိဘဲကိုး.... ဒီနေရာက ဘာသာစကားကို အလိုလို နားလည်နိုင်ပေမယ့် ခဏလေးဆိုတဲ့အချိန်အတွင်းမှာ နှုတ်က ပြောဖို့တော့ တန်ခိုးစွမ်းအင် လိုအပ်သည်...။ မဟုတ်ရင် တကယ့် လူပြည်က ကလေးတွေအတိုင်း စကားပြောဖို့ လေ့ကျင့်ယူရတော့မည်...။

" အော်ငို မနေနဲ့... မျက်ရည်လည်းမကျဘဲနဲ့... ပြီးတော့ မချီလို့ မင်းကို ကားထဲရောက်အောင် ဘောလုံးလို ကန် လိုက်လို့မှမရတာ... ငြိမ်ငြိမ်နေ ပြီး လိုက်ခဲ့.. "

လူသား ဘင်း က သူ့ကို ယာဉ်မောင်းဘေးခုံမှာနေရာချပေးလိုက်ပြီး သူ့ နဖူးကို လက်ဖျားလေးနဲ့ အားမပါဘဲ ပုတ်ရိုက်လိုက်ပြီး ငေါက်လိုက်တာကြောင့် သူ လူသား ဘင်းကို အရိုအသေ တန်လိုက်လေခြင်းဆိုပြီး အမြင်ကပ်ပုဒ်မ နဲ့ ဘုကြည့်ကြည့်လိုက်သည်...။ ပျော်ရွှင်ခြင်းနတ်ဘုရားဟာ ဒီလူသား ဘင်း နဲ့တွေ့မှ စိတ်မကြည်မလင် ဖြစ်နေရသည်...။

*ပျော်ရွှင်ခြင်း နတ်ဘုရား ရဲ့ မျက်ရည်စက်က ဘယ်လောက်တောင် တန်ဖိုးရှိလဲ ဆိုတာ မင်း လို လူသားက ဘယ်လိုလုပ်သိမှာလဲ... ပြီးတော့ ပျော်ရွှင်ခြင်း နတ်ဘုရားက ဝမ်းနည်းရတဲ့အခိုက်အတန့်ဆိုတာ မရှိသလောက် ရှား တယ်လေ*

Zero Sugar DaddyWhere stories live. Discover now