007

339 48 27
                                    


မက်သရူး သူ့ကို လက်ဆေးပေးနေသည့် လူသား ဘင်းကို မော့ကြည့်ပြီး အတွေးများသွားသည်...။ လူသား ဘင်း ကြည့်ရတာ အလွန်ဆုံးရှိလှမှ အသက် ၂၄ နှစ်လောက်သာ... သူ ကလေးတွေကို ပျော်ရွှင်ဖို့ကောင်းချီးပေးခဲ့စဉ် က ဆောင်းလူသား ဘင်းက ဘယ်နားကွက်ကျန်နေခဲ့သနည်း..။ အနည်းဆုံးတော့ အဝါရောင် ရောင်စဉ်အလုံးလေး တစ်လုံးတော့ လူသား ဘင်း ကိုယ်ရောင်ဝါမှာ ရှိနေသင့်တာကိုလေ...။

နည်းနည်းထော်လော်ကန့်လန့်နိုင်ပေမယ့် ဒီလူသား ဘင်း သည် လူဆိုးတစ်ယောက်တော့ မဟုတ်မှန်း မက်သရူး နားလည်သည်မို့ တန်ခိုးစွမ်းအင် ပြန်ရရင် ကောင်းချီးပေးဖို့ ဒီလူသား မှတ်တမ်းကို စစ်ဖို့ တွေးထားလိုက်သည်..။

သို့သော် မက်သရူး စိတ်ကောင်းလေးဝင်နေတုန်း ထိုလူသား ဟာ လက်သရမ်းစွာ သူ့ တင်ပါး ကို လာကိုင်နေ သည်မို့ လူသား ဘင်း ပါးပြင်ကို ရှိရှိသမျှ အားကုန်နဲ့လှမ်းရိုက်လိုက်သည်..။

*ဖတ်

ပန်းနဲ့အပေါက်ခံလိုက်ရသလို လူသား ဘင်း က မှုကိုမမှုဘဲ စကားကိုဆက်ပြောနေသည်..။

" ဟက်... ဒါကရှက်စရာမဟုတ်ပါဘူး... ဝတ်နေရတုန်းဆို ငါ အခု ဖုန်းဆက်ပြီး ဆူချန်းကို ဒိုက်ဘာ ပါ ဝယ်လာဖို့ ပြောလိုက်မှာပေါ့.."

*ဟွန့်...နတ်ဘုရားတစ်ပါးက သေးပေါက် ချီးပါ ဖို့ လိုသေးလို့လား... အာ... အာ... ငါ က လူသား ကလေးလို ဖြစ်နေတော့ လိုလား...မသိတော့ပါဘူး.. *

" ကြိုပြောထားမယ်နော်... ငါ မင်းအတွက် ကလေးထိန်း ငှားမပေးနိုင်ဘူး.."

*ကော်တရာ လူသား ဘင်း .... ရုပ်ကလေးချောသလောက် ကပ်စေးကလည်းကုတ်သေး... မင်း ငါ့အဝတ်အစားအတွက် မင်း ညီမ ဝမ်းကွဲကို မင်း အင်္ကျီတွေ ပြန်ပြင်ဖြတ်ချုပ်ဖို့ ဖုန်းဆက်နေကတည်းက မင်း ကပ်စေးမှန်းငါ သိသားပဲ..*

လက်ဆေးခြင်းအမှုပြီးမြောက်သွားတဲ့အချိန်မှာ လူသား ဘင်း က သူ့ကို အရုပ်တစ်ရုပ်ပိုက်သလို ချီထားပြီး စကားတွေစီကာပတ်ကုံးပြောရင်း အိပ်ခန်းထဲပြန်ဝင်လာလိုက်သည်..။

Zero Sugar DaddyWhere stories live. Discover now