011

390 63 84
                                    


" ရှန်ရှန် !! အူးဝါး... ငါ့အချစ်လေး တစ်ညလုံးဘာတွေ သွားနေတာလဲလို့....."

အိမ်ထဲကို လုံးလုံး လုံးလုံး နဲ့ ခေါင်းကိုမော့ ရင်ကော့ပြီး ဟိတ်ဟန်တစ်ခွဲသားနဲ့ ပြန်ဝင်လာသည့် ကြောင်ဖြူလေး ကိုမြင်သည်နှင့် ဂျီအွန်း ဟာ ငိုမဲ့မဲ့ မျက်နှာနဲ့ အပြေးလာပြီး ကောက်ချီကာ ပွေ့ပိုက်ပြီး သားပျောက်သွား သည့်မိခင်ကြီး သဖွယ် သောကပွေနေသံကြောင့် ကြောင်ဖြူလေးဟာ သူ့ လက်ဖဝါးနဲ့ ခေါင်းကို တစ်ချက်တီးလိုက်သည်..။

[ အချစ်နတ်ဘုရား တဖြစ်လဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[ အချစ်နတ်ဘုရား တဖြစ်လဲ.........မြှောင်ရှန် ]

ဂင်ဂျီအွန်းကတော့ မမှုပါဘူး... ..။ ဒီလူကြီးကြောင့်လည်း ခက်တယ်... ရုပ်လည်းဖြောင့် ဘောဒီလည်းတောင့် ရဲ့သားနဲ့ အရူးအပေါလို ကြောင်ကို လာကလူ နေမှတော့ ဘယ်လိုလုပ် ရည်းစား ရမည်နည်း...။

" ရှန်ရှန် ပြန်လာပြီလား !!!"

လှေကားထစ်တွေအတိုင်း တဒုန်းဒုန်း ပြေးဆင်းလာသည့်.. ဂင်ထယ်ရယ် က ဂင်ဂျီအွန်းလက်ထဲက ရှန်ရှန် ကို လု ချီကာ ပွေ့ဖက်ပြီး ရှန်ရှန် ရဲ့ခေါင်းလေးကို တဖွဖွ နမ်းရှုံ့နေသည်..။

" ညက လင် နောက်လိုက်သွားတာလား .."

T သမားလေးရဲ့  အပြောတစ်ချက်ကြောင့် အိမ်ထဲပြေးဝင်လာသည့် ဂယူဗင်းသာ ရှန်ရှန်ကို ဆွဲ မချီလိုက်ရင် ခြောက်ချက်အကုတ်ခံရပြီးဖြစ်နေမှာဖြစ်သည်..။

" ကိုကို စိုးရိမ်လို့သေတော့မလိုဘဲ... ဘာလို့ လျှောက်သွားရတာလဲ... ကောက်ဖီခွက်ကွဲတာကို ကိုကို ဆူလိုက်လို့လား... နောက် မဆူတော့ဘူးနော်... ခွဲခွဲ ကိုကို့ အချစ်လေး ကြိုက်သ‌လောက်ခွဲ... ပစ္စည်းတွေ ခွဲတာမလုံလောက်ရင် .. ဂင်ဂျီအွန်း နဲ့ ဂင်ထယ်ရယ် ခေါင်းပါခွဲ..."

Zero Sugar DaddyWhere stories live. Discover now