003

343 54 13
                                    

နှစ်ကြိမ်တိုင်တိုင် လူသား တစ်ယောက်နဲ့တွေ့ဆုံခဲ့ခြင်း..........။


^ လူ့ပြည် ဆင်းမယ် ဆို နတ်ဘုံက ချမှထားတဲ့ စည်းမျည်းအတိုင်း လိုက်နာရမယ် ^

လူ့ပြည်ကို ငယ်ရွယ်နုပျို ချောမောသည့် အသွင် နဲ့ လုံးဝ သွားခွင့် မရှိတော့တာ နှစ်ပေါင်း ၃၀၀ လောက်ရှိပြီဖြစ်သည်..။ ဘာကြောင့်လဲဆို လူသား တွေဟာနတ်ဘုရားတွေ‌အပေါ် fall in love ဖြစ်... နတ်ဘုရားတွေကလည်း ပြန် fall in love ဖြစ်ကြနဲ့ နတ်သက်ကြွေ ကုန်တော့.. နတ်ပြည်မှာ နတ်စွမ်းအားအရင်းအမြစ်ဌာန က နေ နတ်တာဝန် ထမ်းဆောင်မည့်သူများ ရှားပါးလာခြင်ပြဿနာကို ဖြေရှင်းရန် ထိုသို့ အမိန့်ကို ချမှတ်ခဲ့သည်..။

လူ့ပြည်သို့ သွားရန် ကလေး အသွင် ၊ လူအို အသွင် ၊ အိမ်မွေးသတ္တဝါ အသွင် ၊ အောနှလုံးနာစရာ ရုပ်ရည် အသွင် တို့ဖြင့်သာ လူ့ပြည်သို့ဆင်းသက်ခွင့်ပေးသည်..။

လူ့ပြည်သို့ဆင်းသက်ချိန်မှာ လက်ရှိ နတ်စွမ်းအင် ၏ ၃ ပုံ ၂ ပုံကိုသာ နတ်ဘုံတွင် ချန်ထားခံရမည်ဖြစ်ပြီး လက်ကျန် ၃ ပုံ ၁ ပုံကိုသာ အလွန်အမင်း ကြပ်တည်းနေသည့်အချိန်မှသာ အသုံးပြုရမည်..။ တာဝန်နဲ့ဆင်းရသည့် နတ်ဘုရားတွေကတော့ နတ်စွမ်းအင် ၃ ပုံ ၁ ပုံကိုသာ နတ်ဘုံတွင် ထားခဲ့ရပြီး ၃ ပုံ ၂ ပုံကို စိတ်ကြိုက် အသုံးပြုကာ တာဝန်ထမ်းဆောင်နိုင်သည်..။

ထို့သို့စည်းကမ်းရှိသည့်အတွက် မက်သရူး ဟာ တာဝန် အရ လူ့ပြည့်ဆင်းမည့် နတ်စွမ်းအင် ၃ ပုံ ၂ ပုံ အသုံးပြုခွင့်ရမည့် ရစ်ကီ နဲ့အတူ လူပြည် လိုက်ဆင်းချင် ခြင်းဖြစ်သည်..။

" ဘယ်လိုနေနေ... သေခြင်းရှင်ခြင်း ဂိတ်က ငါတို့ကို တစ်ယောက် တစ်နေရာစီ ပို့လိုက်မှာ.. ငါတို့ လူပြည်ရောက်ရင် ကျိန်းသေ ကွဲမှာပဲ.. မင်း ဖြစ်လို့လား.. မင်း မှာ ဘာစွမ်းအင်မှ မရှိဘူးနော်.. တကယ့် ကလေးလို နေရမှာ ဖြစ်လို့လား.."

ရစ်ကီ က မေးလည်းမေးရင်း သူ့ခေါင်းထဲပေါ်လာသည့် အချက်တစ်ချက်ကို သတိရမိကာ သူ့ အစွမ်းနဲ့ စာရွက်တစ်ရွကို ဖန်ဆင်းလိုက်ပြီး ထို စာရွက်ပေါ် စိတ်အစွမ်းနဲ့စာတချို့ရေးကာ မက်သရူး ရဲ့ကျောပိုးအိတ် အဝါလေးထဲထည့်ပေးလိုက်သည်..။

Zero Sugar DaddyWhere stories live. Discover now