017

400 63 69
                                    


" ဘေးမက်ထ် လေး ဒယ်ဒီ ပြန်လာပြီ.....ထွက်မကြိုတော့ဘူးလား..."

*အမယ် မသိရင် အရင်က ငါကပဲ သူပြန်လာတာကို အိုးစည်ဗုံမောင်း တီးပြီး ကြိုနေသလိုလို....*

မက်သရူး ဆိုဖာပေါ် ဘေးတစောင်းလှဲအိပ်ပြီး နို့ဘူးကို စုပ်သောက်နေရင်း အပြင်က ကားစက်သတ်သံကြားပြီးနောက်မှာ ဟန်ဘင်းရဲ့အော်သံကိုကြားတော့ ခေါင်းသာ တစ်ချက်မော့ကြည့်ပြီး ခပ်ချဉ်ချဉ်တွေးလိုက်သည်..။ လူလိမ် လူညာ ဖုန်းဝယ်ပေးမယ်ဆိုပြီး ငါ့ကို အာလူးတွေ လာပေး..။

" ကြက်ကြော်လည်း ဝယ်လာတယ်.. ဖုန်းလည်း ဝယ်လာတယ်.. ပြီး‌တော့ ဒီမှာ ကိုကို ယူဂျင်း လည်းပါတယ်.. ထွက်လာကြိုပါဦး.."

ဟန်ဘင်းတစ်ယောက် ကားထဲက အထုပ်တွေ တစ်ခုပြီးတစ်ခုအပြင်ကိုယူထုတ်ပြီး အော်ပြောနေတာကိုကြည့်ပြီး ယူဂျင်းက 'တကယ့်ကလေးအဖေကြီး ကြနေတာပဲ' ဟု ခေါင်းလေးတခါခါ နဲ့မှတ်ချက်ပြုတော့.. ဟန်ဘင်းက သူ့ကို စောင် ကြည့်ကာ ' မင်းလည်း အထုပ်တွေ ကူထုတ် ' ဟု ရာဇသံပေးလာသည်..။

ထိုစဉ် " ဖုန်း.... ဖုန်း............ဖုန်း .........." ဟု တကြော်ကြော်အော်ရင်း ပြေးထွက်လာသည့် စိမ်းပြာရောင် ဝမ်းဆက်နဲ့ကလေးငယ်ဟာ ယူဂျင်း နဲ့ အကြည့်ချင်းဆုံမိတော့ တုံ့ခနဲ ရပ်တန့်သွားသလို ယူဂျင်းကလည်း ထိုကလေးလေးကို အတန်ကြာအောင် စိုက်ကြည့်ပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်..။

" ဟိုင်းးး မက်သရူး......"

" ဟိုင်း......... ဟိုင်း............. "

ယူဂျင်း က လက်ကလေးကိုမြှောက်ကာ နှုတ်ဆက်လိုက်တော့ မက်သရူးက ယူဂျင်းဆီ ပြေးသွားကာ ယူဂျင်း ကို ပြေးဖက်ကာ ပြန်နှုတ်ဆက်လာသည်..။

*အဝါရောင် ကိုယ်ရောင်ကိုယ်ဝါလေး... ကောင်းလိုက်တာ... သူ့ နားနေရင် ငါ စွမ်းအင် တွေ မြန်မြန် တိုးလာနိုင်တယ်*

" ချီ.....ချီ...."

မက်သရူးက ခုန်ဆွ ခုန်ဆွ လုပ်ကာ လက်နှစ်ဖက်ကို ယူဂျင်းဘက်ဆန့်တန်းပြီး တချီ တည်း ချီ ခိုင်းနေပေမယ့် ယူဂျင်းက အထုပ်တွေနဲ့မို့ နောက်မှ ချီမည်ဟု ငြင်းလိုက်တော့ မျက်နှာငယ်သွားသည်..။

Zero Sugar DaddyWhere stories live. Discover now