010

462 53 65
                                    

" ဟျောင်း....မထသေး........"

ဆူချန်း တံခါးတဒုန်းဒုန်းထုပြီးနောက် စိတ်မရှည်တာကြောင့် အခန်းတံခါးကိုဆွဲဖွင့်ကာ သူ့ စူပါစတားမင်းသားကို နိုးဖို့ သံကုန်ဟစ်မယ့်ပြင်စဉ် အခန်းထဲဘယ်သူမှ မတွေ့တာကြောင့် စကားလုံးတွေဟာ လည်ချောင်းထဲတစ်သွား ရသည်..။

" ဟျောင်း..... ရေချိုးနေတာလား.."

ဆူချန်း ရေချိုးခန်းတံခါးကို သွားခေါက်သည်... ဘာသံမှမကြားရ..။

" ဟျောင်း ...အဝတ်လဲနေတာလား.."

အဝတ်လဲခန်းထဲ သွားရှာတော့လည်း မတွေ့...။

" ဟား...ဒီအစ်ကို ဘယ်များ သွားနေပါလိမ့်နော်....ရှုတင်နောက်ကျရင် သူ့အပြစ်ပဲ... ကလေးကိုပဲ သွားနိုးတော့မယ်.."

ဆူချန်းတို့ နှစ်ကြိမ်တောင် တွေးမနေတော့ဘဲ ဟန်ဘင်းအခန်းနဲ့မျက်နှာချင်းဆိုင် အခန်းသို့ ဦးတည်သွားလိုက်တော့သည်..။

" မက်ချူးလေးရေ.... ကိုကိုဆူချန်း....လာ...လာ....ဟမ့်... ငါ က ဘယ်ရောက်နေပါလိမ့်တွေးနေတာ.. ကလေးနား ကပ်ကွေးနေတာပဲ...ဒီမင်းသား က... ဒီလို အိပ်မှာပဲကို ဘာလို့ အခန်းကပြင်ခိုင်းနေမှန်းကိုမသိတာ... ဒီတစ်ခေါက် ဇာတ်လမ်းက ပိုက်ဆံပိုရတာများလား..."

ကလေးအခန်းတံခါးဖွင့်ကြည့်ချိန်မှာတော့ ကလေးကုတင်မှာ ဒူးကိုကွေးကာ ကလေးဘေး နားအိပ်နေသည့် ဟန်ဘင်းကို တွေ့လိုက်ရတာကြောင့် ဆူချန်း ပွစိပွစိ နဲ့မြည်တွန်တောက်တီးနေလိုက်သည်..။ လက်ပတ်နာရီ ကို ကြည့်ပြီးသည်နှင့် အိပ်မောကျနေဆဲ သွေးမတော်သားမစပ်သည့် သားအဖကို အကြင်နာမဲ့စွာပင် လှုပ်နိုးလိုက် တော့သည်...။ ဒီနေ့ရှုတင်က လုံးဝနောက်ကျလို့မဖြစ်တာကြောင့်ပင်..။

.

.

.

.

.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Zero Sugar DaddyWhere stories live. Discover now