014

368 60 90
                                    


" အော်.... နတ်ဘုရားငယ် က ကိုယ့်ရဲ့ လူသား နာမည်ကို သိနေတာပဲ... ကိုယ့်အပေါ် စိတ်ဝင်စားမှုများတယ်လို့ မှတ်ယူလို့ရမလား.."

*သေစမ်း ! ဘယ်လိုဖြစ်ပြီ ပန်းနွယ်နတ်မိစ္ဆာက ဆောင်းဟန်ဘင်းကြီး ဖြစ်နေတာလဲ...*

မက်သရူး တစ်ဖက်သူ ရဲ့ စကားကိုနားကနေကြားနေရပေမယ့် သူစိတ်ကတော့ တခြားအတွေးတွေးနေမိသည်..။ သူ မျက်နှာပျက်နေတာကို ဆောင်းဟန်ဘင်း မမြင်နိုင်အောင် ခေါင်းကိုစောင်းကာ ငုံ့ချလိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်..။ ခေါင်းထဲ ဒိန်းခနဲရောက်လာသည့် သတိပေးချက်နဲ့ သူ့ ရဲ့ ညာဘက်လက်ကို နောက်ပစ်ကာ ဖွက်ရသေးသည်..။

ဆောင်းဟန်ဘင်း ပတ်ပေးထားသည့် လက်ပတ်က ထူးဆန်းနေကတည်းက သတိထားခဲ့ရမှာ... ..။ သူဘယ်လို ချွတ်ထားရမယ်မသိဘူး.. သူ ချွတ်ပစ်ဖို့ ထိုလက်ပတ်ကို အကြီး အသေးပြောင်းကြည့်သော်လည်း ပြောင်းလို့မရခဲ့ဘူး..။ သူ့ခန္ဓာကိုယ်ကြီးလာရင် လက်ပတ်ကလည်း လက်ကောက်ဝတ်နဲ့အံ့ဝင်ခွင်ကျ ဖြစ်အောင် ကြီးလာပြီး သူ့ခန္ဓာကိုယ် ပြန်သေးသွားရင်လည်း လက်ပတ်က ပြန်သေးသွားသည်..။ ဒါကြောင့် ဒီနေ့ အိမ်ကထွက်လာတာနောက်ကျနေခဲ့ခြင်းဖြစ်သည်..။

" နာမည်ကြီး သရုပ်ဆောင် ဆောင်းဟန်ဘင်း ကို ဘယ်လိုလုပ်မသိတဲ့သူ ရှိမှာလဲ..."

မက်သရူး ဟန်လုပ်ရယ်ကာ ပြောပြီး ခြေ ၂ လှမ်းလောက်နောက်ဆုတ်ပြီးမျက်လွှာကိုအသာချပြီး ပြောလိုက်သည်...။

*တောင်းပန်ပါတယ်..........တောင်းပန်ပါတယ်........ မင်း က ပန်းနွယ်မိစ္ဆာမှန်းသိရင် ရိုရိုသေသေ ဆက်ဆံခဲ့မှာပါ... ငါ့ကို မီးနှင်းခဲပန်းမပေးဘဲ မနေပါနဲ့*

*ဟင်း

ဟန်ဘင်း သက်ပြင်းချသံကြားတော့ မက်သရူးက မော့ကြည့်လိုက်သည်..။

" နတ်ဘုရားငယ်က ပျော်ရွှင်ခြင်းနတ်ဘုရား ပဲဟာ... မီးနှင်းခဲပန်း က ဘာလုပ်ဖို့ လိုမှာလဲ... "

" ရှေးဦးမီးတောက်မှုတ်နိုင်တဲ့ မီးငှက်အတွက်ပါ..."

ဟန်ဘင်း က သူ့ကို မယုံသင်္ကာကြည့်လာသည်...။

Zero Sugar DaddyWhere stories live. Discover now