022

402 64 35
                                    


" ယူဂျင်း နီး.... အလာတုန်းက မက်သရူးကို တွေ့ လိုက်မိသေးလား.."

ယူဂျင်း အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ ရဲကား ရောက်နေသလို သူ့ကို တွေ့တဲ့ ဦးလေး ဂျောင် ကလည်း ပျာပျာသလဲ မေးခွန်းမေးလာသည့်အတွက် ယူဂျင်း ရင်ထဲထိပ်ခနဲ ဖြစ်သွားသည်..။ မက်သရူး ပျောက်သွားပြီ လား..?။

" ကလေးက စီစီတီဗီ မြင်ကွင်းထဲကနေ ထွက်သွားတာပဲ ရိုက်မိထားတာ..ကြည့်ရတာ အသံတစ်ခုခု ကြားလို့ ပြေးထွက်သွားပုံရတယ်.. ကလေးက ဆောင်းဟန်ဘင်း ရှီ က ယာယီ ထိန်းသိမ်း ထားတာဆို.. သူ့ မိဘရင်းတွေ လာခေါ်တာလည်းဖြစ်နိုင်ပါသေးတယ်..."

ရဲဝန်ထမ်း တစ်ဦးက ထိုသို့ဆိုလာ၏..။

" အဲ့လိုဆိုလည်း ကောင်းကောင်းမွန်မွန် ပြောပြီး ခေါ်သွားလို့ရတာပဲလေ.."

ယူဂျင်းက ရဲဝန်ထမ်း စကားကို လှလှပပ ငြင်းဆန်လိုက်သည်..။

" ကလေး ကိုပစ်သွားတာမျိုးဆို...ဥပဒေက အရေးယူလို့ရလို့ တမင် တိတ်တိတ်လေး ပြန်ခေါ်တာလည်းဖြစ်နိုင်ပါတယ်... ကျွန်တော်တို့ ကား အဝင်အထွက်တွေ စစ်ဆေး လိုက်ရင် ချက်ချင်း ရှာတွေ့မှာပါ.."

ဦးလေး ဂျောင် ကတော့ ခေါင်းတညိတ်ညိတ် နဲ့ရဲအရာရှိစကားကို နားထောင်နေသည်..။

" ဦးလေး ဂျောင် ဟျောင်း .. ကို အသိပေးလိုက်ပြီလား..."

" ဘင်းနီး တို့ရိုက်ကူးရေးက xx ကျွန်း ပေါ်မှာဆိုတော့ ဆူချန်း ဖုန်းရော ဘင်းနီး ဖုန်းရောက် လိုင်းမမိဘူးထင်တယ် ခေါ်လို့ကိုမရဘူး..."

" စိတ်အရမ်းအပူပါနဲ့ ဟျောင်း ပြန်မရောက်ခင် ကျွန်တော်တို့ ပြန်တွေ့နိုင်ပါတယ်.. ကျွန်တော် ဟိုနား ဒီနား လိုက်ရှာလိုက်ရှာလိုက်ဦးမယ်...."

ယူဂျင်း ကျောပိုးအိတ်ကို ဦးလေး ဂျောင်ကို ပေးကာ ဟိုဟို ဒီဒီရှာဖို့ ထွက်သွားတော့သည်..။ ဒီနေရာမှာ ငှက် ဒါမှ မဟုတ် တိရစ္ဆာန် တစ်ကောင်ကောင် တော့ ရှိကောင်းပါရဲ့..။ သူ့ စွမ်းအင် က ဒီနေရာမှာတော့ တော်တော်လေး အသုံးဝင်နိုင်မယ်လို့ ယူဆမိရင်းပေါ့..။

Zero Sugar DaddyWhere stories live. Discover now