021

390 56 33
                                    


"ဘေးမက်ထ်လေး ဘာလုပ်နေတာလဲ.. ဒယ်ဒီ ရှုတင်သွား.. သွား.... ဟာ.. ဘာလို့ ငိုနေတာလဲ... အန်တီဂျောင် ကလည်း ဘာလို့ ကလေးကို ဒီနား ထိုင်ခိုင်းတာလဲ.. ကလေး မွှန်ကုန်မှာပေါ့ "

ဟန်ဘင်း ရှုတင်သွားမလို့ အပေါ်ထပ်ကနေ ဆင်းလာတော့ မက်သရူး တစ်ယောက် အန်တီဂျောင် ကြက်သွန်နီ တွေ နွှာတဲ့ အနားဆောင့်ကြောင့်လေး ထိုင်ကာ ငိုနေတာကြောင့် ဟန်ဘင်း နှလုံးသားလေး တင်းကြပ်လို့သွားကာ မက်သရူးကို ကောက်ချီကာ အန်တီဂျောင် ကိုသာ မာန်မဲမိသည်..။

သူ့ ကလေးဟာ တကယ့်ကလေးမဟုတ်သည့်တိုင် စွမ်းအင်တွေမရှိသည့်အပြင် သေခြင်း ရှင်ခြင်း ဂိတ်တံခါးကိုပါ ဖြတ်ခဲ့ရသည်မို့ ကလေး ခန္ဓာကိုယ်က လူသားကလေးအတိုင်း အားနည်းသည့်သဘော ဆောင်သည်..။

" အန်တီလည်း သူ့ကို ချီပြီး ဧည့်ခန်းထဲသွားထားပါတယ်.. ဒါပေမဲ့ မက်ချူးလေးက သူ့ဘာသာ ပြန် ပြန် အနားရောက်လာပြီ... ငို ချင် လို့ လို့ ပြောနေတော့ အန်တီလည်း ထပ်မပြောတော့တာပါ.."

" ငို..ချင် ...လို့ ? .... ဟုတ်လား..."

ဟန်ဘင်း စကားကြောင့် မက်သရူး ကပါးပေါ်က မျက်ရည်စက်လက်နဲ့ နှာခေါင်းတရှုံ့ရှုံ့ လုပ်ကာ ခေါင်းညိတ် ပြလာသည်..။

*ဝမ်းနည်းပြီး ငိုမလား အောင့်မေ့တာ... ဒီအတိုင်း မွှန်ပြီး မျက်ရည်တွေရော နှာရည်တွေရော ကျလာတာပဲ အဖက်တင်တယ်*

မက်သရူး စကားကြောင့် ဟန်ဘင်း ခေါင်းထဲ question mark တွေ အစီအစရီပေါ်လာတော့သည်..။ ဘာလို့ ဝမ်းနည်းပြီး ငိုချင်နေတရတာလဲ...?။ အဲ့ဒီလိုမှ ဟန်ဘင်း သတိထားမိသည်... အခုတလော မက်သရူး အရမ်းထူးဆန်းသည်...။

ဟိုတစ်နေ့ကလည်း ဟန်ယူဂျင်း ကျောင်းကအပြန် ဝယ်လာသည့်တော့ပိုကီ အစပ်တွေ စားပြီး ငိုသေးသည်..။ သူတောင် ဟန်ယူဂျင်းကို ဆူလိုက်မိသေးသည်..။ မက်သရူးက အစားအသောက်ဆို အကုန်ပါးစပ်ထည့်ဖို့ ချောင်းနေသူမို့ အာ့လောက်အစပ်ဝယ်လာတာ ကလေးစားမိတာ ပေါ့ ဆိုတဲ့စိတ်နဲ့ ..။ ဒီပုံအတိုင်းဆို မက်သရူး က စပ်မှန်းသိရက်နဲ့ကို တမင်စားလိုက်တာပဲ...။

Zero Sugar DaddyWo Geschichten leben. Entdecke jetzt