013

404 62 34
                                    

အပြာရောင် လပြည့်ည မရောက်ခင် တစ်ရက်.............။

^ ဟန်ဘင်း ဟျောင်း ........... ကျွန်တော် နောက်တစ်ပတ် နားရက်ရလို့ အိမ်လာလည်မယ်နော်... ^

^ ငြင်းမှာစိုးလို့ အိမ်က ရိက္ခာအပြည့်အစုံထည့်ပြီး လာမှာပါနော်...^

^ မေမေ က အရံဟင်းတွေလည်း ချက်ပြီး ထည့်ပေးလိုက်ဦးမှာ ... ဟျောင်း အကြိုက်ချည်းပဲ ^

^ တကယ်တော့ သူတို့အားလုံးက ဟျောင်းကို အိမ်လာလည်စေချင်တာ... ကလေးလေး မွေးစားထားတယ်ဆို ^

^ သူတို့က တကယ်ပဲ သိချင်နေကြတယ် အာ့ ကလေးက ဟျောင်းကလေးလားဆိုတာ..^

ဟန်ဘင်း ရှုတင် ပြီးလို့ ဖုန်းဖွင့်လိုက်သည်နှင့် တတောင်တောင် နဲ့တက်လာသည့် ဟန်ယူဂျင်း ထံမှ စာများကို တွေ့လိုက်ရသည်..။ ဟန်ယူဂျင်း က သူ့ကို အစ်ကိုတစ်ယောက်လို ခင်ရှာပေမယ့် သူကအမြဲ ဘာသိဘာသာ ပဲနေခဲ့များသည်..။ ဟန်ယူဂျင်း မှမဟုတ်ပါဘူး သူ က သူစိမ်းတွေကို သံယောဇဉ်ထားတာမျိုးမရှိဘူး..။

သူ နဲ့ ဟန်ယူဂျင်း တွေ့ဆုံခဲ့ပုံကို ပြန်တွေးမိနေတုန်း ဖုန်းကိုင်သည့်လက်အောက်ကနေ လျှိုဝင်လာသည့် ရွှေရောင်ခေါင်းလုံးလုံးလေးက သူ့ဖုန်းကို လာစပ်စုနေပြန်သည်..။ ဘယ်အချိန်ကတည်းက သူ့ baby seat ကနေ ဆင်းပြီး ဟန်ဘင်း ထိုင်နေသည့် ဘက်ကို ကူးလာသည်မသိ..။

*ငါ လည်း ဖုန်း လည်း တစ်လုံးလောက် လိုချင်တယ်... ဒါဆို ငါ ရစ်ခီ နဲ့မြန်မြန် ဆက်သွယ်မိမှာ... *

ဟန်ဘင်း ပွေ့ချီကာ သူ့ပေါင်ပေါ် တင်လိုက်တော့ မက်သရူးထံကနေ သက်ပြင်းချသံနဲ့အတူ အတွေးတချို့ကိုကြား လိုက်ရသည်..။ မက်သရူး အတွေးတွေကို သူ ကြားနေရသည်...ရှင်းရှင်း လင်းလင်းပြတ်ပြတ်သားသားကို ကြားနေခြင်းပင်.......... ဘယ်ကတည်းကလဲဆိုတော့.........

*Flash back*

ဟန်ဘင်း ၃ နှစ်ကလေးကို နမ်းလိုက်သည့် အဖြစ်မှန်ကြီးကို သူ လက်မခံချင်ဘဲ လက်ခံချိန်မှာ သူကမ္ဘာကြီးက ဇောတ်ထိုးမိုးမျှော်ဖြစ်နေသလို ခံစားချက်ကြီးကိုဖြစ်ပေါ်စေသည်...။

Zero Sugar DaddyWhere stories live. Discover now