023

494 65 54
                                    


" ဟင်း.... သေခြင်း ရှင်ခြင်း ဂိတ်တံခါးကို ဒီလောက် စုတ်ပြတ်သတ်နေတဲ့ပုံစံတွေ မထုတ်ပေးဖို့ ဧကရာဇ် ကို နည်းနည်းကူပြီး လျှောက်တင်လို့မရဘူးလား ... စစ်နတ်ဘုရားချုပ်ကြီး ရဲ့ အသက် ၈၀ အရွယ် တုန်ချိ တုန်ချိ နဲ့ တွန်းလှည်းကို ဆွဲနေတာက ကျွန်တော်မျိုး ရင်နာသလိုလို ခံစားရတယ် ရယ်.."

ကုန်းတက်ကို တွန်းလှည်းအလေးကြီး ဆွဲတက်နေရသည့်တိုင် သူ့ တွန်းလှည်းပေါ် က ကတ်ထူစက္ကူတွေပေါ် အခန့်သားလိုက်ပါလာသည့် ကြောင်ဖြူကောင် အချစ်နတ်ဘုရား သည် သူ့ အား ပြန်ဩဝါဒ ချွေတာကြောင့် လူအိုအသွင်နဲ့ စစ်နတ်ဘုရားချုပ်ကြီး က လှည်းကို ခါရမ်းအောင် လုပ်ပစ်လိုက်ပေမယ့် ကြောင်ဖြူလေးရဲ့ ခြေသည်း တွေက ကတ်ထူစက္ကူပေါ်ကုတ်ထားသည်မို့ ဟန်ချက်ပြတ်မသွား..။ ဒီအတိုင်း ကလေး တစ်ယောက်ကို လူကြီးက စနောက်ရုံမျှသာ..။

စစ်နတ်ဘုရားချုပ်ကြီးက နတ်ပြည်မှာ အချစ်နတ်ဘုရား နဲ့ ပျော်ရွှင်ခြင်းနတ်ဘုရားကို အမြဲအလေးပေးသလို ဂရုတစိုက်လည်း ရှိတာကို နတ်ဘုရားတွေ အားလုံးသိထားပြီးသားပင်..။

" ကောင်းကင်ဘုံက ချမှတ်ပြီးသား စည်းမျဉ်းတွေကို..ပယ်ဖျက်ခွင့်မရှိဘူး.."

လူအိုကြီး က လှည်းကိုဆွဲနေရာကနေရပ်က တည်တင်းစွာဆိုလာတော့ ကြောင်ဖြူလေးက 'ရှေးရိုးစွဲနတ်အိုကြီး' ဟု ခပ်တိုးတိုးကျိန်ဆဲ၏..။

" ဟင်း..အချစ်နတ်ဘုရား ကရော ဒီတစ်ခေါက် တာဝန်ထမ်းဆောင်တာ ကြာလှချည်လား... စွမ်းဆောင်ရည် ကျကုန်ပြီ လား... အချစ်နတ်ဘုရား မပီသချက်..."

လူအိုကြီး က လုပ်လက်စကို ဆက်လုပ်ပြီး မောဟိုက်နေသည့် လေသံနဲ့ ခနဲ့လာသည်ကို ကြောင်ဖြူ လေးကတော့ သူ့နားရွက်ကို လက်ဖြင့် ပုတ်ခတ်ခြင်းဖြင့် နားမလည်ချင်ယောင်ဆောင်သည်။

" မက်သရူး ကို ရှာနေလို့ပါ..."

" တကယ်ရော ရှာနေတာ ဟုတ်ရဲ့လားနော်... အချစ်နတ်ဘုရား ကြည့်ရတာ ကြောင်ဖက်တီး ဖြစ်နေပြီ.."

" ကြောင်ဖက်တီး??"

ရစ်ကီ ရှော့အကြီးကြီး ရသွားကာ လှည်းပေါ်ကနေ အောက်သို့ လွှားခနဲခုန်ဆင်းပြီးနောက် ဆံပင်အဖြူရောင်နှင့်လူငယ်အသွင်ပြောင်းကာ စစ်နတ်ဘုရားချုပ်ကြီး ဘေးသို့ ကပ်လျှောက်ရင်း ရန်စွာတော့သည်..။

Zero Sugar DaddyWhere stories live. Discover now