027

577 61 35
                                    

" ကျောင်း...... တက်ချင်ဝူး...."

ဟန်ဘင်း ကိုယ်ပေါ် ကားယားခွတက်ဖက်ထားသည့် မက်သရူး ဟာ ဝါးပင်ကြီးပေါ်က ခိုအာလာဝက်ဝံ လေးအလား.....။

" တက်တာမှ ၂ ရက်ရှိသေးတာ... အခု ကျောင်းမတက်ချင်တော့ဘူးလား.. ဟဟ.. မက်ချူး ရ.... ဦးဦး တောင် အခုထိ ကျောင်းတက်နေရတုန်း.. မက်ချူး လည်း နောက်ဆို ကျောင်းကို အကြာကြီး တက်နေရဦးမှာ.."

မက်သရူး ဖြစ်အင် ကို အပေါ်ယံသာ သိသည့် ယူဂျင်း ဟာ သာမန် ကလေးတွေ မူကြိုမသွားချင်လို့ ဂျစ်တိုက်သည်အမှတ်နဲ့ နှစ်သိမ့်ခြင်း မ မည် သည့် နှစ်သိမ့်စကာများ ပြောလာကာ မက်သရူး အောက်ပစ်ချ ထားသည့် ဦးထုပ်အဝါလေးကို ပြန်ကောက်ကာ မက်သရူး ခေါင်းပေါ် ဆောင်းပေးလိုက်သည်..။

" ဘာလို့လဲ...နေလို့မကောင်းဘူးလား.."

ဟန်ဘင်း ပခုံးနဲ့ လည်တိုင်ကြား မျက်နှာဝှက်ထားသည့် ဂျစ်တူးနတ်ဘုရားက ထိုအမေးကို 'အွန်း' ဆိုပြီး အသံရှည်ဆွဲကာ ဖြေလာသည်..။

" ဆူချန်း ...ကျောင်းကို ဖုန်းဆက်ပြီး နေမကောင်းလို့ဆိုပြီး ခွင့်တိုင်လိုက်... "

" ဟျောင်း..မျက်နှာလိုက် လိုက်တာ ဟိုနေ့က ကျွန်တော် နှာတွေမွှန်လို့ ကျောင်းတစ်ရက် ခွင့်တိုင်ပေးပါဆိုတော့ ဆေးတိုက်ပြီး ကျောင်းကိုလွှတ်တယ်.. အခုကျ မက်ချူးက ချက်ချင်း ခွင့်တိုင်ပေးတယ်.. မတရားဘူး.."

" မတရားဘူး ထင်ရင် ကိုယ့်အိမ်ကိုယ်ပြန်နေလိုက်.."

အဆူခံလိုက်ရသည့် ယူဂျင်း တစ်ယောက် ဆူပုတ်ပုတ်နဲ့ သူ့ကျောပိုးအိတ်ကို လွယ်ကာ ကျောင်းသွားရန် အိမ်ထဲကနေ ဆောင့်အောင့်ပြီး ထွက်သွားတော့သည်..။

" ပြောပါဦး ကိုယ့်ကို ဘာလို့ စိတ်အခြေအနေမကောင်းလဲ ဆိုတာ..."

*မနက်က သတင်းကြည့်လိုက်တယ် မီးတောင်တွေ ပေါက်တယ်.. တောမီးတွေလောင်တယ် .. အချိန်အခါ မဟုတ် မိုးတွေ ရွာတယ် .. *

ဟန်ဘင်းက မက်သရူးကို မက်သရူး အိပ်ခန်းအထိ ပြန်ချီပို့ပြီး အိပ်ရာပေါ် ချပေးလိုက်သည်..။ ပြီးတော့ မက်သရူး ဆံပင်လေးတွေကို သပ်ပေးပြီး မေးလိုက်တော့ မက်သရူးက သူ စိတ်မကြည်လင်ရခြင်းအကြောင်း များကို ပြောလာသည်...၊

Zero Sugar DaddyWhere stories live. Discover now