018

352 57 86
                                    


" ကိုယ့်မှာ နတ်ဘုရားငယ်ကို မေးစရာတွေ ရှိတယ်..."

"အရှင်က ဘာမေးချင်လို့လဲ...."

မက်သရူးက သူသွားချင်တဲ့နေရာကို ပြောပြီးနောက်မှာ ဟန်ဘင်းက ကားဦးတည်ချက်ကို ရိုက်ထည့်ပြီး သူတို့ကားလေးက အနှေးမမြန်အရှိန် နဲ့ လမ်းမကြီးပေါ် ဖြတ်မောင်းနေသည်...။ မက်သရူးက သူက ဟန်ဘင်းအိမ်က ၃ နှစ်ရွယ်ကလေးတစ်ယောက်ဆိုတာ သိမှာစိုးလို့ တမင်ဆိတ်ဆိတ်နေသည်.. ထို တိတ်ဆိတ်နေမှုကို ဟန်ဘင်းက စတင်လို့ဖြိုခွဲလိုက်သည်..။

"ပျော်ရွှင်မှု နတ်ဘုရားက လူသားတွေကို ဘယ်အချိန်ကောင်းချီးပေးတာလဲ..."

" လူသားတွေ စတင်မွေးဖွားပြီး ရှင်သန်လာချိန်ကတည်းက ပျော်ရွှင်ခြင်း တွေက ၁၀၀ ရာခိုင်နှုန်း ကောင်းချီး အပြည့်ပေးထားပြီးသားပါ...ဒါပေမဲ့ အရှင်သိတဲ့အတိုင်း လူသားတိုင်းက ၁၀၀ ရာခိုင်နှုန်းမပျော်ရွှင်နိုင်ကြဘူး... ဘာလို့လဲဆိုတော ဒီလောကကြီးမှာ ကောင်းချီးတွေချည်း ချီးမြှင့်မယ့် နတ်ဘုရားတွေပဲ တည်ရှိတာမဟုတ်ဘူး လေ.. ကြမ္မာဆိုး ကို ချီးမြှင့်မယ့် နတ်ဆိုး တွေကလည်း ရှိနေသေးတာကို..."

ဟန်ဘင်း မျက်လုံးထောင့်ကနေ မက်သရူးကို ခိုးကြည့်မိသည်..။ တကယ့်ကို တည်တည်ကြည်ကြည်နဲ့ သူ့အလုပ်အကြောင်းရှင်းပြနေပုံက ဟိတ်ဟန်ကြီးသည့် မြင့်မြတ်သည့် နတ်ဘုရားဆိုတာ မယုံနိုင်စရာမရှိဘူး..။

" ဒါဆို ကောင်းချီး ပေးပြီးတာနဲ့ လူသားတွေ ဘာဖြစ်ဖြစ် လှည့်မကြည့်ကြတော့ဘူးပေါ့..."

ဟန်ဘင်း ဝသီအတိုင်း ခနဲ့လိုက်သည်...။

" အမှန်ပဲ...နတ်ဘုရားတိုင်းက လူသားတွေရဲ့အရေးကိစ္စတွေကို ပါဝင်ပတ်သက်နေမှာမဟုတ်ဘူး.. အရှင် တို့ မှာလည်း ပညတ်ချက် ရှိတယ်မဟုတ်လား... လူသားတွေကို ထခိုက်နာကျင်အောင် မလုပ်ပါဘူးဆိုတဲ့ အချက်.."

မက်သရူးက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်..။ စကားအမှန်ဖြစ်သည့်အတွက် ဟန်ဘင်း လက်ခံလိုက်ရသည်..။

တကယ်တော့ မွေးဖွားလာကတည်းက ကောင်းချီး တွေနဲ့ ကြမ္မာဆိုး တွေက တစ်ပါတည်းချီးမြှင့်ခံရပြီးသားမို့ နောက်ပိုင်း လူသားတွေရဲ့ ကောင်းခြင်းဆိုးခြင်း ဆိုသည်မှာ လူသား တွေရဲ့စိတ် ခံယူချက်..ကျင့်ကြံပြုမူ ပြောဆိုမှု တွေပေါ်မှာပဲမူတည်သွားမှာပါ...။

Zero Sugar DaddyWhere stories live. Discover now