024

398 61 36
                                    


" အဲ့ဒါ အစ်ကိုကြီး ကြောင့် "

" ဘာ... မင်း ကြောင့် လေ အားနေ ဂိမ်းချည်းဆော့နေလို့.."

ဂင်ဂယူဗင်း ဟာ သူ့အစ်ကိုအကြီးဆုံး ဂင်ဂျီအွန်း ငိုယိုကာ အပြစ်တင်၏..။

" အဲ့ဒါ အိုမား ကြောင့် .. "

သူ့အစ်ကိုက သူ့ကိုပြန်ဟောက်သည့်အခါ သူ့အမေ ကိုလှည့်ပြီးအပြစ်တင်၏..။

" အယ်မယ်.. အဲ့ဒါ နင့် တို့အဖေ ကြောင့် "

ဂင်မားမား ဟာ သူ့ ယောကျ်ား လက်မောင်းကို ထုရိုက်ပြီး ပြန်အပြစ်ပုံချ၏...။

မင်း ထင်နေတာမမှားပါဘူး...ဂင်မိသားစု အချစ်တော် ရှန်ရှန် ပျောက်ဆုံးသွားလို့ပါပဲ....။

မိသားစုလေးယောက် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေတဲ့အချိန်မှာ တည်ငြိမ်သူကြီးကတော့ ဖုန်းနဲ့သာ အလုပ်ရှုပ်နေလေသည်..။

" အကြင်နာတရားမရှိတဲ့ အလတ်ကောင် နင်ကတော့ ဖုန်းသုံးနိုင်သေးတယ်နော်.. "

" အေးလေ ထယ်ရယ် ဟျောင်းက ကျွန်တော်တို့ ရှန်ရှန်ကို မချစ်ဘူး.. ဝူး..အူး..."

" အသည်းမာတဲ့ကောင်.."

" သူ က ငါတို့မိသားစုဝင်လေး အာ့လို လျစ်လျူမရှုသင့်ဘူး.."

လူ လေးယောက် တစ်ယောက်တစ်မျိုး သူ့အား အပြစ်တင်လာသည့်အတွက် ထယ်ရယ် သူ့ အဖေ သူ့အမေ သူ့အစ်ကို နဲ့ သူ့ ညီကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်ပြီး ဖုန်းကို သူတို့ရှေ့ထိုးပြလိုက်သည်..။

" ရှိရှိသမျှ အိမ်မွေးသတ္တဝါလေးတွေ ပျောက်ဆုံး အသိပေး group မှာ ရှန်ရှန့် ပုံ နဲ့ ပျောက်သွားလို့ တွေ့ခဲ့သူတွေ အကြောင်းကြားပေးဖို့ ပိုစ့်တင်ထားတယ်.. ပြီးတော့ ရဲကိုလည်းအကြောင်းကြားထားတယ်.. တစ်ယောက် နဲ့တစ်ယောက် အပြစ်တင်နေလို့ ရှန်ရှန် ကိုပြန်တွေ့မှာလား.. ပြီးတော့ ဟိုတစ်ခါကလည်း သူ့ဘာသာသူ ပြန်လာတာပဲ..."

ထယ်ရယ် ချက်နဲ့လက်နဲ့ Rapping ရွတ်သလို ပြောချလိုက်တော့ ကျန်လေးယောက် မျက်နှာက သံပုရာသီး စားလိုက်ရသလို ရှုံ့မဲ့လို့သွားသည်..။

Zero Sugar DaddyWhere stories live. Discover now