004

271 49 34
                                    

အပေါစား သားတစ်ယောက် ကောက်ကာငင်ကာ မွေးစားခြင်း............။


ဟန်ဘင်း ရဲစခန်းကနေ ပြန်လာတော့ စိတ်က အတော့်ကိုကြည်လင်လန်းဆန်းနေသလို ခံစားရသည်...။ အိမ်တော်ထိန်းချက်ကျွေးသည့် ညစာ သည် ယနေ့မှ အရသာရှိနေတာကြောင့် ဝိတ်ချနေသည့် ကာလကိုတောင် မေ့လျော့ကာ သူ အတော်လေး စားမိသည်..။ ထို့နောက် ဗိုက်လေးသွားလို့လား.. ပင်ပန်းတာတွေပဲစုမိလား လို့တော့ မသိ.. ။ ကုတင်ပေါ်လှဲက ဖုန်းသုံးနေရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ အမည်းရောင် အရိပ်တွေ သူ့အိပ်မက်ထဲမနှောင့်ယှက်သည့်အချိန်ထိပင်...။

သို့သော် အိပ်မက်ဆိုးမက်ပြီး နိုးထလာတဲ့အချိန်တွင် မနက် ၆ နာရီပင် ထိုးလုနီးပါးဖြစ်နေခဲ့သည်...။ ၂ နာရီထက်ပိုမအိပ်နိုင်ခဲ့သည့် သူ သည် မနေ့ည ကိုးနာရီလောက်က အိပ်ပျော်သွားတာ နောက်နေ့မနက် ၆ နာရီမှသာ နိုးလာခဲ့သည်...။

" ဟျောင်း သာ အခုမဆင်းလာရင် ကျွန်တော် အပေါ်တက်လာခဲ့တော့မလို့ ဟျောင်း.. အိပ်ပျော်သွားတာလား. .ဆေးတွေ ဘယ်လောက်တောင် သောက်လိုက်တာလဲ..."

ရေမိုးချိုး အဝတ်အစားလဲပြီး မနက်စာ စားရင်အောက်ထပ်ကိုဆင်းလာသည့် သူ့ ကို ဆူချန်းက သူ့နား ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာပြီး ကိုယ့်ကိုလှည့်ပတ်စစ်ဆေးကာ စိုးရိမ်တကြီး မေးလာသည်..။

ဆူချန်း စကားကြားမှ သူ သတိရသွားသည်..........။ အာ.......... သူ မနေ့က အိပ်ဆေး မသောက်ဖြစ်ခဲ့ဘူးပဲ...။

" ဟိုကလေးလေး ရော မိဘမဲ့‌ဂေဟာကို ကောင်းကောင်းရောက်သွားပြီတဲ့လား..."

ရုတ်တရက်ဆန်သည့် ဟန်ဘင်း အမေးကြောင့် ဆူချန်း အဖြေမဲ့ကာ ခေါင်းသာကုတ်နေမိသည်..။ ဟန်ဘင်း ကိုယ်တိုင်ပဲနောက်တစ်ခါ မဆုံချင်သလို လှည့်ထွက်ခဲ့တာမဟုတ်ဘူးလား..အဲ့ဒါကြောင့် ဆူချန်းလည်း နောက်ပိုင်းကိစ္စတွေ လိုက်မစုံစမ်းခဲ့ဘူး...။ အခုလို ဗြုန်းစားမေးတော့ သူ့မှာပြန်ဖြေစရာမရှိတာ မဆန်းဘူးလေ..။

" ဟျောင်း သိချင်ရင် ကျွန်တော် စခန်းကို ဖုန်းဆက်ကြည့်ပေးမယ်.."

Zero Sugar DaddyWhere stories live. Discover now