015

377 63 50
                                    


မဟာနတ်ဆိုး နဲ့ စစ်နတ်ဘုရားချုပ် တို့ တိုက်ခိုက်တဲ့အချိန်မှာ ပန်းနွယ်နတ်ဘုရားမ က စစ်နတ်ဘုရားချုပ်ရဲ့ ဝိဇိန်ချွေ ဓားချက်ကိုဝင်ခံပေးလိုက်တော့ သူမ နတ်သက်ကြွေလုနီးနီးဖြစ်ခဲ့တာပေါ့... အဲ့ဒီအခါမှာ မဟာနတ်ဆိုးက သူ့မှာရှိရှိသမျှ မိစ္ဆာစွမ်းအင် ထုတ်သုံးပြီး တွေ ကောင်းကင်ဘုံမှာ သောင်းကျန်းတော့တာပဲ... ဧကရာဇ်ကို လည်း ပန်းနွယ်နတ်ဘုရားမ ကိုကယ်ဖို့ချိန်းခြောက်ခဲ့တယ်... ဘာလို့ ဆို ပန်းနွယ်နတ်ဘုရားမ က သန္ဓေသားကို လွယ်ထားရပြီးပြီ မို့လို့လေ.။

ဧကရာဇ် က ပန်းနွယ်နတ်ဘုရားမ ကိုကယ်ဖို့ မဟာနတ်ဆိုးကို ကျိန်စာတစ်ခုကို ထားရှိခဲ့တယ်...။

မဟာနတ်ဆိုး နဲ့ ပန်းနွယ်နတ်ဘုရားမ တို့ဟာ သူတို့ရဲ့မသေမျိုးခန္ဓာကိုယ်ကို ချိတ်ပိတ်ပြီး သူ့တို့ရဲ့အသက် ဓာတ်... ကိုစတေးပြီး သန္ဓေသားကို ဆက်လက်ရှင်သန်စေမယ်... ။ပြီးတော့ မွေးဖွားလာမယ့် သူ့တို့ သားတော်ရဲ့ ပျော်ရွှင်မှုကို မခံစားရဘဲ နေထိုင်ရှင်သန်ရမယ်...။

" ဟင်း ~~~ "

၃ နှစ်အရွယ် မက်ကရူး က ကုတင်ပေါ်မှာ အိပ်ပျော်နေဆဲ ဟန်ဘင်း ကို ကုတင်ဘေးနားကနေ မွေ့ရာပေါ် မေးထောက်ကာကြည့်ရင်း နတ်ပြည်မှာနေတုန်းက သူကြားခဲ့ဖူးသည့် ဟန်ဘင်း ခမည်းတော်နဲ့မယ်တော် တို့အကြောင်းကို တွေးမိပြီး သက်ပြင်းခပ်တိုးတိုးချလိုက်မိသည်..။

*လူသားကလေးအဖြစ် ပြန် ပြန် မွေးဖွားရတာဆိုတော့... ၁၆ နှစ်မတိုင်ခင် ဘဝပေါင်းများစွာမှာ တော်တော်လေး အထီးကျန်ဆန်ပြီး ကြောက်လန့်နေခဲ့ရှာပဲ*

မက်သရူး ကုတင်ပေါ် ကုတ် ကတ်တက်လိုက်ချိန်မှာ တစ်စုံတစ်ခုက သူ့ကိုပင့်တင်လိုက်သလို ခံစားလိုက်ရပြီး ကုတင်ပေါ် အသာလေး ရောက်သွားတော့သည်..။

သူ့လက်ပတ်ထဲကနေ နွယ်ရှင်တချို့ ဟာ အသက်ဝင်လာပြီး ထောက်အားတစ်ခုလိုကူညီလိုက်တာကိုတော့ ကလေးအသွင်ပြောင်းနေသည့် နတ်ဘုရားငယ်ဟာ သတိမထားမိလိုက်ဘူး..။

" ဘင်း ~~ ဘင်း ~~~ ထ...............ထ "

မက်သရူး အစကတော့ လက်ဖဝါးနဲ့ ဟန်ဘင်း ပါးကို ရိုက်ပြီး နိုးမလို့ ဟန်ပြင်လိုက်ပေမယ့် ချက်ချင်း ကိုယ်ရှိန်သက်ကာ လက်ညှိုး လေး နဲ့ပဲ ဟန်ဘင်း ပါးကို တို့ တို့ပြီး နိုးလိုက်သည်..။

Zero Sugar DaddyWhere stories live. Discover now