026

395 55 52
                                    


" ဟီး.... ကျွေးစရာ သရက်သီး ပဲရှိလို့ စားပါဦး ယူဂျင်းနီး.."

ကြောင်ဖြူလေး ရစ်ခီ ဟာ ဧည့်သည်လေး ဟာ လောကွတ်ပျူငှာလွန်နေသည့် ဂယူဗင်း ကို ကြည့်ရင်း နည်းနည်းတော့ ကျေနပ်မိသွားသည်..။ ဒီ ဂင် သုံးကောင်မှာ ဒီအငယ်ကောင်ကတော့ ချစ်သူ ရဖို့ ဘယ်လိုလိုက်ရကောင်းမှန်း သိသေးသား ပဲ..။

သူ့ သရက်သီးတွေကို အစ်ကိုနှစ်ယောက် မပြောနဲ့ အမေ အဖေ တောင် သိပ်သဒ္ဒါ တာမဟုတ်တဲ့သူက ဒီကလေးကို ခွဲကျွေးနေပုံထောက်သည်.. ဂင်ဂယူ တို့ ဒီကလေးကို တော်ရုံ သဘောကျနေတာ မဟုတ်တော့ဘူးလေ.. ဒါတောင် သူတို့ ၂ ခါလား ပဲတွေ့ဖူးသေးတာကို..။

" ကျေးဇူးတင်ပါတယ်... ရှန့်ရှန့်ကိုလည်း ပို့ပေးပြီဆိုတော့ ကျွန်တော် ပြန်တော့မယ်နော်.."

ယူဂျင်း က ထပြန်ဖို့ ပြင်တော့ ကြောင်ဖြူလေးက အလန့်တကြားနဲ့ ဂယူဗင်း လက်မောင်းကို မသိမသာ ကုတ်နေသည်..။

" မြောင် .. မြောင် "

[ ဖုန်းနံပါတ် တောင်း ဟ... ငပိန်းကောင်ရ..]

" အောအော.. ကိုကို့ ရှန်ရှန်လေး ဗိုက်ဆာလို့လား ကိုကို ယူဂျင်းနီးကို သူ့တို့အိမ်ကကားနားအထိ လိုက်ပို့ပေးပြီးကျွေးပါနော်..ရှန်ရှန် လေးက လိမ္မာတယ်.."

ဂယူဗင်း စကားကြောင့် ကြောင်ဖြူလေးက မျက်ဖြူစိုက်ချင်သလိုလို ဖြစ်သွားရသလို သူတို့ကို ကျောခိုင်းပြီးအပြင်ထွက်ဖို့ဟန်ပြင်နေသည့် ယူဂျင်း လည်း ပြုံးလိုက်မိသည်..။

" အော.. ဂယူဗင်း ဟျောင်း ဖုန်း နံပါတ် လဲထားမလား.. နောက်တစ်ခါ အကူအညီလိုတဲ့အခါ ဆက်လို့ရအောင်.."

ယူဂျင်း က သူ့ဖုန်းကို ထုတ်ကာ နောက်ပြန်လှည့်ပြီး ပြောလိုက်တော့ ကြောင်ဖြူလေးကိုချီထားသည့် ဂယူဗင်းက မတ်တတ်ကြီး သတိမေ့သွားသလို တောင့်တောင့်ကြီးဖြစ်သွားသည်...။

" မြောင်...မြောင်...မြောင်.."

[ .. ဒီကောင်ကတော့ မတ်တတ်မေ့နေပြီလား.. ဟူး...ခက်တယ်... ကြိုက်လိုက်တာလည်းပြာလို့ ညံ့လိုက်တာလည်း ချာလို့..]

Zero Sugar DaddyWo Geschichten leben. Entdecke jetzt