012

341 63 105
                                    

" ........ဘာ..............ရဲ............ဘာ..........ရဲ..."

[ အဲ့ဒါ ဘာကြီးလဲ ]

သူ့ လက်ထဲက မုန့်ကုန်သည်နှင့် ဟန်ဘင်း လက်ထဲက မုန့်ကို မျက်စိကျသွားသည့် မက်သရူး က မုန့်ကို လက်ညှိုးထိုးလို့ မျက်လုံးလေးပေကလပ် ပေကလပ် နဲ့ ဟန်ဘင်းကို မော့ကြည့်ရင်းမေးလာသည်..။

" မင့်ထု ချိုကို ရေခဲမုန့်.... မင်း ကြိုက်မှာမဟုတ်ဘူး..ဒီအရသာ ကြိုက်တဲ့လူရှားတယ်.."

" ကောင်း..........................ရား..."

ရေခဲမုန့် ကိုင်ထားတဲ့ ဟန်ဘင်း လက်ကို ဆွဲပြီး မေးလိုက်တော့ ဟန်ဘင်းက ခေါင်းခါပြသည်..။

*လူလိမ်ကောင်.. သူကြတော့ စားနေပြီး မကောင်း ဘာလို့စားနေသေးလဲ*

ဟန်ဘင်း သက်ပြင်းချကာ ဇွန်းနဲ့တစ်ဇွန်းခပ်ပြီး မက်သရူးကို ခွံ့ကျွေးတော့ မက်သရူး စားလိုက်သည်..။ သူ့အရသာက fresh ဖြစ်တဲ့အရသာမျိုး..မနက်တိုင်း တိုက်ရသည့် သွားတိုက်ဆေးနဲ့တောင်တူသေး..ဒါပေမယ့် သူ ကြိုက်တယ်လေ..။

*စားကောင်းတာဆို မင်းချည်းစား... အကြင်နာမဲ့တဲ့ကောင်*

" ဘယ်လိုလဲ.... စားကောင်းလား..."

" ..........အွန်း.........ထပ်................ကျွေး....."

မက်သရူး စကားကြောင့် ဟန်ဘင်းက ပြုံးကာ ရေခဲမုန့် ဘူးကို မက်သရူး ဆီ လှမ်းပေးလိုက်တော့ မက်သရူး ကျေနပ်သွားသည်...။

" အိုင်းဂိုး... ဒယ်ဒီ နဲ့ ဘေးမက်ထ် က အကြိုက်ချင်းတူတာပဲ...."

ဟန်ဘင်းက ပြောပြောဆိုဆို နဲ့ မက်သရူး ရဲ့ ရွှေရောင်ဆံပင်တွေကို ပွတ်သပ်ပေးလိုက်မိသည်.........။ ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ သူ့ကလေးလေးလဲ....။

.

.

.

.

.

" ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အိပ်နေရတာလဲလို့... ဘေးမက်ထ် လေး ဒယ်ဒီတို့ ရှုတင် သွားကြစို့လေ.. "

သူ့ ကျောကုန်းကို လက်ညှိုးနဲ့လာလာတို့ပြီး နားပူနာဆာ လုပ်နေသည့် ဆောင်းဟန်ဘင်း အသံကြောင့် မက်သရူး အိပ်တစ်ဝက် နိုးတစ်ဝက် နိုးလာရသည်...။

Zero Sugar DaddyWhere stories live. Discover now