part 15 (U+Z)

442 14 6
                                    

နွေဂန္ဓာဦး အောက်ထပ်သို့အမြန်ဆင်းလာခဲ့သည်။

"မင်းကလဲကွာ....စောင့်ရတာကြာလိုက်တာ..ပိုထူးပြီးလှလာမှာလဲမဟုတ်ပဲနဲ့"

စံကြီးက ထုံးစံအတိုင်းပင် လူကိုကြည့်ကာ ဝေဖန်ရေးနဲ့လေကန်ရေးလုပ်နေသည်။

"ငါ...အကျီရှာနေလို့ကြာသွားတာပါကွာ...မင်းကလဲ"

"ဟေ့ကောင်....နွေကြီး ဆရာရော"

အာကာ ကစကားဖြတ်ကာဝင်မေးသည်။

ဦးရှိန်းအကြောင်းကိုမေးခံရတော့ နွေဂန္ဓာဦး ရင်ဘတ်ထဲက တင်းကျပ်သလိုခံစားလာရသည်။

"သူ...အပေါ်ထပ်မှာ"

ဆရာ့အကြောင်းမေးတာကို ဒီကောင်ဘာလို့မျက်နှာပျက်သွားရတာလဲ......

"အော်...ဒါဆို ဆရာအိမ်မှာရှိတယ်ပေါ့..."

"အေး...ရှိတယ်..မင်းကဘာလို့ဦးရှန်းကိုမေးနေတာလဲ"

"ငါ့အမေ မေးခိုင်းလိုက်လို့ကွာ...သူနေမကောင်းလို့အဲ့တာကြောင့်"

"ဒါဆို... မင်းအမေကိုဖုန်းလှမ်းဆက်လိုက်လေ...ပြီးရင်ငါတို့သွားရအောင်"

စံကြီးက စိတ်မရှည်တဲ့လေသံနဲ့ဝင်ပြောသည်။

"အေးပါ...စံကြီးရာ... မင်းကလဲစိတ်ကိုတစ်စက်မှမရှည်ဘူး...အဲ့တာကြောင့်မင်းအရပ်ကလဲ ဒီကနေမတက်လာတာ"

အာကာက ရှုပ်နောက်နောက်ပြောလိုက်ပေမယ့် စံကြီးရဲ့ မျက်နှာ တစ်ခုလုံးနီရဲလာသည်။ သူ့အရပ်ကိုထိရင်..လုံးဝမကြိုက်တဲ့ကောင်....

"ီးပဲကွာ...မင်းငါ့အရပ် အကြောင်းထပ်ပြောမယ်ဆိုရင် မင်းနဲ့ငါ စစ်ခင်းရလိမ့်မယ်.ဟိတ်ကောင်"

ရန်ဖြစ်တော့မယ့်မျောက်နှစ်ကောင်ကို နွေဂန္ဓာဦး ဝင်တားလိုက်ရသည်။

"ကဲ..ကဲတော်ကြတော့ကွာ...သွားဖို့အချိန်နောက်ကျနေပြီ"

.........,.

တစ်နာရီလောက်မောင်းနှင်ပြီးတဲ့အခါမှာ နွေဂန္ဓာဦး ဒုတိယအကြိမ် Bar သို့ထပ်ရောက်လာခဲ့သည်။

"ဟိတ်ကောင်...နွေကြီး..မင်းနဲ့ဆရာနဲ့ စကားများထားကြသေးလား"

He's mine❤️✨ (Completed )Where stories live. Discover now