Part 16 (U+Z)

422 15 5
                                    

"ဟိတ်ကောင်...နွေကြီး အိပ်လို့မပျော်ဘူးလားကွ...."

စံကြီးက တစ်ဖက်စောင်းအိပ်နေရင်း နွေဂန္ဓာဦး ဘက်ကိုလှည့်ကြည့်ကာမေးသည်။

"အေး...ငါအိပ်ယာအပြောင်းအလဲမလို့ထင်တယ်...အိပ်လို့မရသေးဘူး"

"ဟုတ်လို့လား...နွေကြီးရာ...မင်းဆရာ့ဆီကိုစိတ်ရောက်နေတာမလား"

စံကြီးက မျက်စောင်းကြီးထိုးကာမေးသည်။
နွေဂန္ဓာဦး သက်ပြင်းတွေအကြိမ်ကြိမ်ချလိုက်ရင်း....

"ငါမင်းကို.... ရင်ဖွင့်စရာရှိတယ်..စံကြီး"

နွေဂန္ဓာဦး ရင်ဖွင့်စရာရှိတယ်လို့ပြောလိုက်တော့ စံကြီးက ရှေ့သို့တိုးလာသည်။

"ဘာလဲတွေရင်ဖွင့်မလို့လဲ....ပြောပါအုံး"

" ငါလေ... ဆရာ့ကိုအရမ်းချစ်မိသွားပြီ"

"ဟေ"
"မင်းဟာက ဟုတ်ရောဟုတ်လို့လားကွာ...အဲ့ကိစ္စကိုရောဆရာသိရဲ့လား..."

စံကြီးက အိပ်နေရင်းရုတ်တရက်ထထိုင်ကာမေးသည်။ ဒီကောင်တော်တော်အံသြ သွားပုံပဲ..

"အင်း....သိတယ်... သူအရင်ငါ့ကိုဖွင့်ပြောတာ"

နွေဂန္ဓာဦး လက်မနဲ့လက်ညှိုးနှစ်ခုကိုပွတ်နေရင်းပြောလိုက်ရသည်။ တကယ်တော့ ရှက်တာကြောင့်ရော စံကြီးမျက်နှာကိုရဲရဲ မကြည့်ရဲတာရော ပါသည်။

"ဘာ"

စံကြီးက ရုပ်တရက် အသံပြဲကြီးနှင့်ထအော်လိုက်သည်။

"တိုးတိုးလုပ်ပါကွ....မင်းကလဲ...လူကြီးတွေမင်းအသံကြားပြီးလန့်နိုးကုန်မယ်"

"ငါ...ငါ...ခုထိမယုံနိုင်သေးဘူး..နွေကြီးရာ.. "

စံကြီးကို ကြည့်လိုက်တော့ ချွေးစေးတွေပင်ပြန်နေသည့်ပုံ...

"ကဲ...ကဲ....အိပ်ကြစို့ကွာ...ငါမနက်ကိုစောစောပြန်မှာ"

"အေးအေး...မင်းငါ့ကိုနှိုးမှရမယ်နော်...ငါက မနက်ဆိုရင်စောစောထတဲ့ကောင်မဟုတ်ဘူး"

နွေဂန္ဓာဦး မျက်စောင်းထိုးကာကြည့်လိုက်သည်။ ချီးထုတ်ကောင်....အဲ့ကြောင့်မင်းအရပ်မရှည်တာ

He's mine❤️✨ (Completed )Where stories live. Discover now