မင်းဉာဏ်တို့အဖွဲ့သည် ကျောင်းတက်ခနဲကတစ်ဖွဲ့လုံးကျော်ကြားသည်ထိုထဲမှာ မင်းဉာဏ်ဟာကျောင်းကမိန်းကလေးတွေထဲမှာရေပန်းစားဆုံးဖြစ်သည် အရပ်ရှည်ရှည်အဝတ်စားဝတ်ရင်လိုက်ဖက်ညီစွာဝတ်တဲ့အတွက်Bခန်းတင်မကတစ်ကျောင်းလုံးရှိကောင်မလေးတွေကြားမှာနာမည်ကြီးသည်
"ဟေ့ရောင်တွေဒီမှာ"
"သားလေးမင်းကအဖေတို့မစောင့်ဘဲဘာလို့အဆောကြီးလာတာလဲ"
"*ီးကိုသားလား "
"ကိုက်မနေနဲ့ခွေးနှစ်ကောင်ပြောစမ်းပါအုံးမင်းကငါတို့တောင်မစောင့်ဘဲအရင်လာရ
တာလဲ"
"မိနွယ်ပေါ့ကွာ ငါတို့အခန်းကလူတွေမလာသေးလိုဆိုပြီးအဆောကြီးဖုန်းဆက်ခေါ်တာလေ မင်းတို့လေးကောင်ငါဖုန်းဆက်သေးတယ် မင်းတို့ဘာသာသေနေကြတာလေတစ်ယောက်မှဖုန်းမကိုင်ကြဘူး""ထားပါတော့ ဒါနဲ့လူစုံပြီလားငါတို့ခန်းက"
"အင်းစုံသလောက်တော့ရှိပြီ Aခန်းကလူတွေကအဆောကနဲကလူစုံနေပြီကွ""ဟေ့ရောင်မင်းဉာဏ် ဟိုမှာ Aခန်းက Queenလိုလိုကမင်းကြည့်နေတယ်မင်းနဲ့ဇာတ်လမ်းစချင်လို့လားမသိဘူး"
"ဟုတ်သားဘဲ မင်းဉာဏ်မင်းနဲ့သူနဲ့ကကျောင်းကြော်ငြာဘုတ်အတူတူရိုက်တာမဟုတ်လားမင်းတို့ဇယားလေးဘာလေးမရှိကြဘူးလားကွ"
"မရှိဘူး ပြီးတော့ကျောင်းကြော်ငြာဘုတ်လေးနှစ်ခုရိုက်တာအတူတူရိုက်တယ်လို့ထည့်မပြောစမ်းနဲ့သူ့လိုမာနထိပ်ခေါင်ကိုငါစိတ်မဝင်စားဘူး"
"ဟုတ်တော့လဲဟုတ်ပါတယ်ကျောင်းတက်တုန်းကတောင်သူ့ကိုသူQueenလို့လိုမိုဆိုပြီး
တစ်ခန်းလုံးကယောက်ကျားတွေကိုမတူသလိုမတန်ဆက်ဆံတာကွ""နွားနှစ်ကောင် လုပ်စရာရှိတာလုပ်စကားမများနဲ့" မင်းဥာဏ် နားညီးလာသဖြင့်စကားများနေသောနှစ်ယောက်အားပြောလိုက်သည်ထိုချိန် ဝင့်ယမုံလှိုင်ရှောက်လာတာကိုတွေ့လိုက်ရသည်
"ဟိတ်"ကိုဉာဏ် အိုင်ကိုမှတ်မိလား"ယမုံရှေ့ကမိမိကြိုက်ရသူအားမှတ်မိပါစေဆုတောင်းရင်း ရင်ခုန်စွာဖြင့်မေးလိုက်သည် မိမိနှင့်ကျောင်းကြော်ငြာဘုတ်photoနှစ်ခါဘဲရိုက်ရသော်လဲ ထိုလူသည်မိမိနှလုံးသားအားဆွဲဆောင်ထားသည်
မင်းဥာဏ်သူ့ဆီမလာပါစေနဲ့လိုဆုတောင်းနေသော်လဲထိုဆုတောင်းကမပြည့်ပေ ယမုံဝင့်လှိုင်ကသူဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ဒါကြောင့်မကောင်းတက်သဖြင့်မေးလိုက်သည်"အော်ယမှုံပွဲလာတာလား"
"အင်းဟုတ်တယ်ဟိုမှာလေသူ့ငယ်ချင်းနဲ့လာတာ ဒါနဲ့ကိုဉာဏ် ကျောင်းကိုဘယ် ဘာသာနဲ့ဆက်တက်မှာလဲ" ယံမုံ ကိုဥာဏ်တက်သင့်ဘာသာအားလိုက်တက်ရန်မေးလိုက်သည်
"စီးပွားရေး နဲ့တက်ဖြစ်လောက်မယ်ထင်တယ်ဘာဖြစ်လို့လဲ" မင်းဥာဏ် ယမုံဝင့်လှိုင်ဘာကြောင့်မေးလဲသိသဖြင့် စီပွားရေးဟုဖြေလိုက်သည် အမှန်သည်မှာလဲစီးပွားရေးသာတက်မည်ဖြစ်သည်
"အော်ယမုံကအနုပညာနဲ့တက်မယ်ထင်တာ
ကျောင်းကြော်ငြာဘုတ်တွေရိုက်နေတော့"ယမုံသူတွေးထားသည်နှင့်မကိုက်လို့နည်းနည်းစိတ်ပြတ်မိတယ် သူ့သည်အနုပညာလျှောက်ထားသဖြင့် မင်းဥာဏ်အနုပညာတက်ရင်သူနဲ့နီးစပ်ရန်ပိုလွယ်ကူသည်ဟုထင်ခဲ့သည်မင်းဥာဏ်ထိုသို့လာမည်ဆိုတာထင်တယ်
"ကြော်ငြာရိုက်တာကဝါသနာအရပါ"သူ့သည်စီးပွားရေးသာတက်ပါမည် သူ့အိမ်ကခွင့်မပြုသည်ကိုလဲမလိုက်ချင် ယမုံဝင့်လှိုင်ရှိတဲ့ဘာသာမှာမတက်ချင်သည်မို့"အင်းပါ အဲဆိုယမုံသူ့ငယ်ချင်းဆီသွားလိုက်အုံးမယ်နော် နောက်မှတွေ့မယ်ကိုဉာဏ်"ယမုံသူ့သိချင်တာသိရပြီမို့ နွယ်နဲ့သီတို့ဆီပြန်သွားလိုက်တော့သည်
မင်းဥာဏ် နောက်ဆုံး သူဆုတောင်းပြည့်လာတယ်လိုခံစားလိုက်ရတယ်
"ဟုတ်ကဲ့ နောက်မှတွေ့မယ်မယ်နော်ယမုံ"ဝမ်းသာအားရ နှတ်ဆက်လိုက်သည် မြန်မြန်ပြန်နားအေးလေမို့#P
YOU ARE READING
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Actionအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻