အပိုင်(1)

33 1 0
                                    

မင်းဉာဏ်တို့သူ့ငယ်ချင်းငါးယောက်ဟာပြောအနာဆိုမနာငယ်သူ့ငယ်ချင်းများဖြစ်ကြသဖြင့်ဘယ်သွားသွားအတူတူသွားကြသည်

"ဟေ့ရောင်တွေ"

"ဘာလဲမသာလန့်တာ"

"မင်းကလဲကွာအကောင်းပြောမလို့ ဒီတစ်ပတ်တနလ်ာနေ့ကြ ဆယ်တန်းကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်ကွသွားကြမှာလား"

"အေးငါပြောမလိုဘဲ ငါတို့ကတော့သွားမှာ မင်းဉာဏ်မင်းရောလိုက်မှာလား"

"အင်းလိုက်ခဲ့မယ်ဝင်ခေါ်လိုက်ကွာ"

"အေး ဒီတခါအခန်းပေါင်းလုပ်တာလို့ပြောတယ် ငါတို့Bခန်းနဲ့Aခန်းနဲ့ပေါင်းလုပ်တာတဲ့ကွ"

"ဟုတ်လား နေပါအုံးAခန်းဆို့ ဟိုကောင်မလေးရောပါမှာလားမသိဘူး
မင်းဉာဏ် မင်းနဲ့ကျောင်းကြောငြာဘုတ်မှာ
အတူတူရိုက်တဲ့ကောင်မလေးလေ နာမယ်ဘယ်သူ Aခန်းက Queenလိုလိုဘာလိုလေကွာ"

"အော် ယမုံဝင့်လှိုင်လား"

"အေး"

"Aခန်းကOueenဆိုလို့ Aခန်းကအတန်းခေါင်းဆောင် ရောလာမှာမဟုတ်လား"

"ဘယ်သူ့လဲ"

"ဟာဟိုကောင်လေကွာ သီဟရဲ့စိုင်းလလေးလေကွာ"

"*ီးကို ငါရဲ့စိုင်းလလေးလား "

"မဟုတ်လို့လားမင်းဘဲတစ်ချိန်လုံး စိုင်းလလေးစိုင်းလလေးဆိုပြီး"

"ချီးး မဟုတ်ပါဘူးကွာ အဲတုံးကစောက်မြင်ကပ်လိုပါကွာ အထိမခံရွှေပန်းကန်ဖြစ်လွန်းလွန်းလို့ ခေါ်လိုက်တာပါကွာ"

"အေးကွအထိမခံဖြစ်တာလဲမပြောနဲ့ကွ အဲကောင်ကမိန်းခလေးရှုံးအောင်လှတာကွ"

"အဲစကားကိုသူ့ရှေ့မှာပြောလေကွာ"

"တော်ပါကွာငါထိပ်မပေါက်ချင်သေးဘူး"

"အေးကွာအဲတုံးကလဲ သူကလှလိုလှတယ်ပြောတာကိုကွာ ငါကို သူသောက်နေတဲ့ဖန်ခွက်နဲ့ကောက်ထုတာ သုံးချက်လောက်ချုပ်လိုက်ရတယ် ရုပ်လေးလှသလောက်လက်သံကတော်တော်ပြောင်တယ်"ငဖြိုး​တို့ပြောနေသောသူအကြောင်းကိုသိချင်စွာဖြင့် မင်းဥာဏ်မေးလိုက်သည်
"ဘာလဲသူ့ကဂေးလား"မင်းဥာဏ်မေးပြီးတာတစ်ပြန်ထဲငဖြိုးကထဖြေသည်
"သူ့ဂေးမဂေးတော့မသိဘူး သူ့တန်းကတစ်ချို့ကောင်တွေကတော့သူအတွက်ဂေးကုန်ကြတာဘဲ"

"အဲလောက်ချောလို့လား"ငဖြိုးပြောတဲ့စကားအား မင်းဥာဏ်မယုံသဖြင့်ပြန်မေးလိုက်သည်

"ချောတာမဟုဘူး လှတာကွ မိန်းခလေးတွေမမှိအောင်လှတာ သူ့ကိုဘာကြောင့်အတန်းခေါင်းဆောင်ပေးလဲမသိဘူး တကယ်ဆိုသူ့ကိုအတန်း Queenပေးရမှာကွ လှချက်က လက်ဖျားခါတယ်"

"မင်းစိတ်ဝင်စားရင် ပွဲနေ့ကြငါပြမယ်"မင်းဥာဏ်သိချင်နေလားမသိသဖြင့်ပွဲကြရင်ပြမယ်ဟု သီဟပြောလိုက်သည်

"စိတ်ဝင်စားလို့တော့မဟုတ်ပါဘူး မိန်းခလေးရှုံးအောင်လှတယ်ဆို့လို့မြင်ဘူးချင်လို့ပါကွာ"
မင်းဥာဏ်အဲလောက်လဲစိတ်မဝင်စားသည်မို့ဒီတိုင်းဘဲဖြေလိုက်သည်

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Onde histórias criam vida. Descubra agora