အပိုင်(22)

2 1 0
                                    

"ခများကဒီရောက်နေတာကို ကျွန်တော်တို့ကပြောက်လို့လိုက်ရှာနေတာ"

ထွဋ်ခေါင် အသံကြားလာရာဘေးကိုကြည်လိုက်သည်

"အင်း အထဲမှာနေရတာပူလို့"

သူရိန်ဘေးကလူကြည့်လိုက်သည် မင်းဥာဏ်နဲ့စိုင်းတို့တွဲတာ တစ်လပြည့်တော့မည် ထိုနေ့ကစပြီး သူဘေးကလူသည်သူတို့နဲ့စကားလာ​မပြောသည်မှာတစ်လပြည့်တော့မည်

"ခများ စိုင်းကိုစိတ်ဆိုးတုန်းလား"

"ဘာကိုလဲ"

ထွဋ်ခေါင် သူပြောသည့်စကားအားနားမလည်သဖြင့်ပြန်မေးလိုက်သည်

"ကျွန်တော်ပြောချင်တာက စိုင်းနဲ့ငဥာဏ်တို့တွဲတာခများအသိမပေးလို့သူတို့ကိုစိတ်ဆိုးနေတုန်းလားလို့"

သူရိန်အပြောကိုတစ်ဖက်လူကရီသည် သူရိန်ရီနေသောလူအားမျက်တောင်မခတ်ကြည့်နေမိသည် မျက်တောင်မခတ်ထက် ခတ်ဖို့ရာမေ့နေသည်လို့ပြောလို့ရလောက်သည်ထိုလူရီလိုက်ရင် သိပ်လှသည် ဖုံးကွယ်ထားသောသွားထပ်နဲ့အစွယ်သည်သူနဲ့သိပ်လိုက်သည်

"မဟုတ်ပါဘူး ငါကိစ္စနဲ့ငါအလုပ်ရှုပ်နေလို့ပါ သူ့တို့ကို စိတ်ဆိုးချိန်တောင်မရှိဘူး"

"အော် ဒါနဲ့ ခများကမန္တလေးဇာတိလား"

သူရိန်အမေးကို ထိုလူက မှေးဆက်ပြသည်

"ဟုတ်တယ် ငါအဖေကတရုတ်ရှမ်းကပြားလေ အမေကမန္တလေးသူ"

"အဲဆို ခများကရှမ်းဗမာတရုတ်ကပြားပေါ့"

"အင်း"

ထွဋ်ခေါင်အင်းလို့ပြောပြီး ၀င်တော့မဲ့နေလုံးအားကြည့်နေလိုက်သည်

သုရိန် ညနေ နေ၀င်ချိန်နဲ့အင်းတစ်လုံးဆို
ပြီးငြိမ်သွားသောသူကို ထိုင်ကြည့်နေလိုက်သည်

သူတို့ အဖွဲ့ကျောင်းနှစ်လပိတ်သည့်အတွက်
မန္တလေးကို အပန်းဖြေထွက်လာကြသည်

"မင်း ငါအပြင်သွားမလို့လိုက်မလား"

ထွဋ်ခေါင်  စိတ်ကျဥ်းကျပ်လာသဖြင့်လေညင်းခံရန်အပြင်ထွက်ဖို့ ဘေးလူအားလိုက်မှာလားဟုမေးလိုက်သည်

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Where stories live. Discover now