အပိုင်(15)

6 1 0
                                    


ကျောင်းဝန်းထဲရှိဆေးပေးခန်းတစ်နေရာတွင် ကုတင်ပေါ်မှာ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်လှဲနေပြီး သူ့ဘေးတွင် မိန်းကလေးငယ်နှစ်ဦးနှင့်ယောက်ကျားလေးငယ်ခုနစ်ဦး ဝန်းရန်ထားသည်

"လူနာက အိပ်ရေးပျက်တာရက်ရှည်သွားရောအာဟာရဓာတ်ပျက်တာရောကြောင့် မေ့လဲသွားတာပါ ဘာမှ စိုးရိမ်စရာမရှိဘူး ဆရာအားဆေးသွင်းပေးခဲ့တယ်ခနနေကြနိုးလာလိ့မယ်"
ကြည်ပြာ ဆေးပေးခန်းမှတာဝန်ကျဆရာပြောသွားသော စကားလုံးများကြားယောင်ရင်းမေးလိုက်သည်။
"စိုင်း နဲ့တေဇ နင်တို့ ငါတို့ကိုတစ်ခုခုပြောပြချင်တာမရှိဘူးလား "

"စိုင်း နင်တို့ မန်းလေး မှာဘာဖြစ်ခဲ့ကြတာလဲ
ကြယ်စင်က ဘာလို့အိပ်ရေးပျက်အာဟာရပျက်ရတာလဲ"မြတ်နိုး အရမ်းသိချင်သည် စိုင်းတို့ မန်းလေးမှာ ဘာတွေဖြစ်ခဲ့ကြသည်ကို

"ငါပြောပြပါမယ်"

"ဇ"
စိုင်း တေဇအားဝင်ဟန့်လိုက်သည် ခေါင် သိရင်ကြိုက်မှာမဟုတ်ပေ သူတို့ဖြစ်ခဲ့တာတွေ သူတို့သုံးယောက်ကလွဲပြီးဘယ်သူ့မှမပြောဘူးဆိုပြီး ဂတိပေးခဲ့ကြသည်။

"စိုင်း ပြောပြလိုက်ရအောင်လေ"တေဇမိမိသူငယ်ချင်းတွေကိုမလိမ်ချင်ပေ ခေါင်လဲစိုးရိမ်သည်မို့

"တေဇမင်းယံ မင်းဘာဖြစ်နေတာလဲ ငါတို့ပြန်မလာခင်ဘာပြောခဲ့ကြတာလဲ"စိုင်းစိတ်တိုလာသဖြင့် တေဇအား နာမည်အပြည့်စုံခေါ်လိုက်ပြီး သူတို့မန်းလေးမှာပြောခဲ့တဲ့စကားအားပြောလိုက်သည်

"စိုင်း ​တေဇမအော်ပါနဲ့သူ​ပြောတာမမှာဘူးလေငါတို့ကလဲ နင်တို့သူငယ်ချင်းဘဲလေ ကြယ်စင် ဘာဖြစ်နေတာသိရင် ငါတို့လဲကူညီမှာလေ"မြတ်နိုး စိုင်းအား ပြန်အော်လိုက်သည် မိမိတို့လဲ သူ့သူငယ်ချင်းဘဲလေ ဖြစ်နေတဲ့ပြသာနာအား မိမိတို့ပြောပြရလို့သည်ကို တိတ်တဆိတ်ဖြေရှင်းနေသည်မို့ မြတ်နိုးစိတ်တိုသည်

"မင်းတို့သိတော့ရောဘာကူညီနိုင်မှာမို့လဲ ငါနဲ့တေဇတောင်မကူညီနိုင်တာ မင်းတို့ရောကူညီနိုင်မယ်ထင်လား ပြီးတော့ တေဇ မင်းဘာသာပြောပြချင်ပြ တစ်ခုတော့ပြောပြမယ် ဒီကိစ်စတွေကို ခေါင် သိလို အဝေးကိုထက်ထွက်သွားရင် မင်းနဲ့ငါ သူငယ်ချင်း အကန့်ပြတ်ပြီးဘဲ"
အရမ်းချစ်ကြသည့် သူငယ်ချင်းများရန်ဖြစ်နေသည်ကို မင်းဥာဏ် ကြည့်မနေနိုင်တော့သဖြင့် ဝင်ခွဲပေးလိုက်သည်
"မြတ်နိုး စိတ်ရှော့ပါဟာ သူတို့လဲမသိစေချင်တဲ့ကိစ်စမို့နေမှာပါ နောက်ပြီး စိုင်းလဲ စိတ်ရှော့တော့ ထွဋ်ခေါင်သိရင်စိတ်မကောင်းဖြစ်လိ့မယ်"
မင်းဥာဏ်ထိုသို့ဝင်ပြောမှသာ တင်းနေသော နှစ်ဖက်မှာရှော့သွားကြသည်

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Onde histórias criam vida. Descubra agora