အပိုင်(13)

11 1 0
                                    

သာယာလှတဲ့ကျောင်းဖွင့်ရက်လေးမှာ မနက်ခင်းကျောင်းဝန်းနှင့်ကျောင်းအတန်းများမှာကိုယ့်အတန်းနဲ့ကိုယ့်လူများပြည့်နေပြီး ကျောင်းကန်တင်းများမှာလဲ ကျောင်းသားများနဲ့ပြည့်လို့နေသည်ထိုထဲမှာ အရိပ်စားဖွယ်စုံ ဆိုင်လဲအပါဝင်ပေါ့

"ဟိတ်ရောင့် မင်းဥာဏ် မင်းဘာစားမှာလဲ "ငေးငိုင်နေသော သူငယ်ချင်းဖြစ်သူ သူကောင့်သားလေးကို ဟိန်းထက်မေးလိုက်သည်။

"Blackcoffeတစ်ခွက်"

ဖြိုးဝေ မိမိ၏သူငယ်ချင်းဖြစ်သူအားကြည့်လိုက်သည် လက်ဖက်ရည်ဘဲစွဲမြဲစွာသောက်တက်တဲ့ သူတော်ကောင်းလေးက ထူးထူးခြားခြား ကော်ဖီတွေဘာတွေသောက်လို့
"ဟိတ် ဥာဏ် မင်းဘာဖြစ်နေတာလဲ ကျောင်းပိတ်ရက်တုန်းကလဲအိမ်ထဲကအိမ်ပြင်မထွက် အခုလဲကျောင်းရောက်တော့ ငေးငိုင်နေတာဘဲ"

ဖြိုးဝေပြောတာမှန်သည်မို့ကျန်သုံးယောက်ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်သားဘဲ ဥာဏ် မင်းဘာဖြစ်နတောလဲ ဘာလဲမင်းအဖေက ပြန်ခေါ်နေလို့လား"ဒီကောင် ဒီလိုဖြစ်နေတာ ဒီကိစ်စမှမဟုတ်ရင်ဘာမှမဖြစ်နိုင် မိန်းမကိစ်စကြောင့်ဆိုရအောင်လဲ ကျောင်းဖွင့်နေတဲ့အတောအတွင်း ဘယ်မိန်းမနဲ့မှဇယားရှုပ်တာမတွေ့သေးတာ မိမိတို့အမြင်ဖြစ်သည်။

"ဒီကောင်ဒီလိုဖြစ်နေတာစိုင်းလရောင်စဥ် မတွေ့လို့ ဒီလိုဖြစ်နေတာ "သီဟပြောလိုက်သောစကားကြောင့်ကျန်သုံးကောင်နဲ့ ဟိုလင်းတမှိုင်မှိုင်နေတဲ့ ကောင်ပါသူ့ကိုလှည့်ကြည့်လာသည် သူပြောသည်လဲမမှားပါ မိမိရော မိမိတရုတ်ပေါက်လေးအားမတွေ့ရတာကြာပြီဖြစ်လို့လွမ်းပါသည်။

ထို့ချိန်ထိုသူငယ်ချင်းအုပ်စုထိုင်နေသောဆိုင်ထဲသို့ဝင်လာသော ပုံရိပ်နှစ်ခု

ဖြိုးဝေ ဆိုင်အပြင်ဘက်သို့ကြည့်လိုက်ရာ မြတ်နိုးနဲ့ကြည်ပြာ တို့ညီအမနှစ်ယောက်အားတွေ့လိုက်သည်။

"မြတ်နိုးနဲ့ကြည်ပြာ ကျွန်တော်ဝိုင်းလာခဲ့လေ"ဟိန်းထက် အမွှာညီအမအား မိမိတို့ဝိုင်းဘက်ကိုခေါ်လိုက်သည်။

မြတ်နိုး ကြည်ပြာအားကြည့်လိုက်သည်သွားချင်လားဟု၍
"သွားမယ်လေ ငါတို့နှစ်ယောက်ထဲရယ် ပျင်းစရာကြီးဘဲကိုယ်"ကြည်ပြာ မိမိ အမ ကြည့်သည့်အကြည့်အားသိသဖြင့် သွားရန်ပြောလိုက်သည် ။

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Hikayelerin yaşadığı yer. Şimdi keşfedin