အပိုင်(20)

5 1 0
                                    


  တစ်ညလုံးမိုးရွာပြီးနောက် မနက်ခင်းနေရောင်ခြည် က ပြတင်းပေါက်မှ ဝင်ရောက်လာသည်မို့ ထွဋ်ခေါင် နိုးလို့လာခဲ့တယ် သူ ဖုန်းဖွင့်ပြီးကြည့်ရာ ရောင် ခေါ်ထားသောဖုန်းကောများတွေ့ သူပြန်ခေါ်လိုက်သည် ဒါပယ်မဲ့တစ်ဖက်ဖုန်းမှစက်ပိတ်ထားပါသည်သာ ကြားရသည်မို့ သူဖုန်းချပြီး ရေချိုးရန်ပြင်လိုက်သည်
မနေ့က သူကျောင်းကပြန်လာတော့ အဖျားကပြန်လည်တက်လာသဖြင့် သူဘာမှမစားဘဲအိပ်လိုက်ရာ ဗိုက်ဆာမှနိုးလာတော့သည်

"သခင်လေး ဘာစားမလဲ ဆန်ပြုတ်လေးသောက်မလား "

ထွဋ်ခေါင် အခန်းထဲမှထွက်လာတဲ့အချိန် အိမ်ထိန်းမှသူ့အားမနက်စာဘာစားမလဲမေးလာသည်မို့ ထမင်းစားရန်ပြောလိုက်သည်

"ထမင်းဘဲစားမယ်"

"ဟုတ်ကဲ့"

အိမ်ထိန်း ထမင်းပြင်နေတုန်း ထွဋ်ခေါင် သားကိုထိန်းနေသောညီငယ်ဆီကိုဖုန်းလှမ်းဆက်သည်

"နီဟောင် ကော"

"နီဟောင် နေစင် သားတို့နေကောင်းလား"

နေစင် မျက်လုံးလှန်မိတယ် မိမိကိုသတိရလို့ဖုန်းဆက်တယ်ထင်မိတာ တကယ်ကြတော့ သူ့ကသူ့သားသတိရလို့ဖုန်းဆက်တာ မိမိကိုဖုတ်လေတဲ့ငါးပိရှိလေကိုမထင်ဘူး ကိုယ့်ကိုစောက်ရမ်းအထင်ကြီးမိတဲ့သူ့အမှားပါ

"မျောက်နှစ်ကောင်နေကောင်းတယ် ကောသာကျန်းမာရေးဂရုစိုက် ဆေးရုံသွားပြီးပြကြည့်လိုက်အုံး "

ညီအကိုနှစ်ယောက်တည့်သာမတည့်တာ အကိုအကူညီလိုရင် ပွစိပွစိပြောပြီး ကူညီပေးရှာသည်

"ဟုတ်ပါပြီ ဒါနဲ့ မင်းကလေးတွေထိန်းဖို့လူလိုသေးလား လိုရင် ကိုသခ်ကိုလွတ်လိုက်မယ်"

"ရတယ်မလိုဘူး နောက်ရက်ကြ မင်းမဟာလဲ လာမယ်တဲ့ အိမ်ကမျောက်နှစ်ကောင်ကို သတိရလို့တဲ့"

နေစင် မိမိအကိုဖြစ်သူအား စိတ်မချသည်မို့ မိမိချစ်ရသူအားအနီးကပ် စောင့်ရှောက်ဖို့အပ်ထားရသည်

"ဟုတ်ပါပြီ ငါက မင်းပင်ပန်းမှာဆိုးလို့ပါ"

"ကျွန်တော်ကိုစိတ်မပူနဲ့ ကော သာဆေးရုံသွားလိုက်အုံး ကော အသံနားထောင်ရတာကျွန်တော် အားမရဘူး "

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Onde histórias criam vida. Descubra agora