"သူရိန် ကြယ်စင် ကိုသွားခေါ်ပေးလို့ရမလား"
"အိုခေ ရတယ်လေ"
ဒီနေ့က သူတို့မန္တလေးမှာနေတဲ့နောက်ဆုံးရက်ဖြစ်တဲ့အတွက် သူငယ်ချင်းများစုံစုံလင်လင် ဘုရားသွားပြီးအပြင်သွားရန်အတွက်
ကြယ်စင် အားခေါ်ရန် သူရိန်ကို စိုင်း အကူညီတောင်းလိုက်သည်
သူနဲ့ ခေါင် ရန်ဖြစ်နေ့ကစပြီးတွက်ရင် သူ့ကို ခေါင် စကားမပြောတာ တစ်လပြည့်တော့မည်"ဒေါက်..ဒေါက် ကြယ် ကျွန်တော်သူရိန်ပါ"
"အင်း ဝင်ခဲ့ "
ထွဋ်ခေါင် အဝတ်စားတွေသိမ်းနေရင်း အခန်းတံခါး လာခေါက်သူအား ဝင်ခိုင်းလိုက်သည်
"ကြယ် ဟို ဟာ"
"ဘာကိစ္စရှိလို့လဲ ရိန်"
"စိုင်းက အပြင်သွားရအောင်တဲ့ အဲဒါ"
"ကိုယ် မလိုက်တော့ဘူး"
သူရိန် စကား မဆုံးခင် ထွဋ်ခေါင်စကားကြောင့် သူရိန်ဘာပြောရမှန်းမသိဖြစ်သွားသည်
"ကြယ် လိုက်ခဲ့လေ"
"ကိုယ့် မလိုက်ချင်ဘူး မင်းတို့ဘဲသွားကြပါ"
မလိုက်ချင်ဘူး အကြောက်ကန်ငြင်းနေသောလူအား သူရိန် မလိုက်လိုက်အောင် နားချရန်လုပ်တော့သည်
"ကြယ်ကလဲဗျာ သူငယ်ချင်းတွေစုံစုံလင်လင်သွားမှာကို လိုက်ခဲ့ပါဗျာ နော်"
"ပျင်းတယ်မလိုက်ချင်ဘူး ပြီးတော့ဘယ်သူမှစကားမပြောချင်ဘူး "
သူရိန် ဇွဲမရှော့မပါ အခန်းအောင်းသူအား ဒီနေ့ အပါရအောင်ခေါ်မည်
"သူ့တို့နဲ့မပြောချင်ရင် ကျွန်တော်နဲ့ပြောလေ လိုက်ခဲ့ပါနော် သူတို့က သူ့တို့အတွဲတွေနဲ့ ကျွန်တော် တစ်ယောက်ထဲ ဖြစ်နေမှာ လိုက်ခဲ့ပါဗျာ"
"ဟိန်းထက်တို့ သီဟ တို့က ဘယ်ရောက်သွားလို့လဲ"
သူရိန် ပြန်လည်ချေပလာသော ထွဋ်ခေါင် ကို မျက်နှာငယ်ကြည့်လိုက်သည်
"အဲကောင်နှစ်ကောင်က ဟိန်းထက်ကဖြိုးဝေဖွင့်ပြောမလို့တဲ့ သီဟကလဲတေဇမင်းယံကိုဖွင့်ပြောမလို့တဲ့ ဟိုညီမနှစ်ယောက်ကြတော့လဲ သူတို့ဘာသာလေ လုပ်ပါ အကိုရာ လိုက်ခဲ့ပါနော်"
VOUS LISEZ
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Actionအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻