ကျောင်းစဖွင့်ရက်မို့လို့ကျောင်းကန်တင်းတွေမှာနေမြင့်လာတာနဲ့အမျှလူများပြည့်လာတော့သည် မေဂျာတူကျောင်းသားကျောင်းသူများကသူငယ်ချင်းသစ်တွေဖွဲ့ပြီးအတူတူတက်ကြတဲ့လူများကလည်းသူတို့အဖွဲ့နှင့်သူ့တို့ သွားလာစနောက်နေကြသည်ထိုထဲမှာတော့ (အရိပ် ကဖေးနဲ့စားဖွယ်စုံ)ဆိုထဲဆိုင်ထဲကစားပွဲတစ်ဝိုင်းမှာတော့အပြင်သံမကြားလောက်ထိသူ့တို့အဖွဲ့ကအသံနဲ့တင်
ဆူညံနေကြသည်"စိုင်း သေချာလို့လား ကြယ်စင်က ဒီမှာလာတက်တာဆိုတာ သူဟိုမှာတက်မှာဆို" စိုင်းကတကယ်လိုပြောနေလဲ တေဇ မယုံနိုင်သေးသဖြင့်ထပ်မေးလိုက်သည်
"သေချာတယ် ညကအဲ့ဖက်အိမ်နဲ့မမရိပ် ဖုန်းပြောနေတုံးကကြားလိုက်တာ ငါနားကြားလွဲသွားတယ်ထင်ပြီး မမေးလိုက်မိဘူး " ညက မမရိပ်နဲ့တစ်ဖက်ကပြောသံကိုကြားပြင်မဲ့နားကြားလွဲတယ်ထင်ပြီး မမရိပ်ကိုပြန်မေးကြည့်မိလိုက်ဘူးသို့ပြင်မဲ့ မနက်က အိမ်ကနေကျောင်းကိုအထွက် တစ်ဖက်ခြံထဲက အရိပ်တစ်စုံအား သူ မြင်လိုက်ရပြီး ညကနားကြားမှားတာမဟုတ်ဘူးဆိုသေချာသွားတယ်။
"မနက်က ငါတွေ့လိုက်တယ်သူ့ကို တေဇ မြတ်နိုး ကြည်ပြာ ငါတို့ကျောင်းပြောင်းကြရင်ကောင်းမလားဟင်""ကြယ်စင် ဘယ်ကကြယ်စင်လဲငါတို့နားလည်အောင်ပြောစမ်းပါ နင်တို့နှစ်ယောက်ကလဲ"စိုင်းနဲ့ တေဇပြောနေကြသည်ကို မြတ်နိုးရောကြည်ပြာရော ရှေ့ကငါးယောက်ရောတခုမှနားမလည်သဖြင့် မြတ်နိုးမှ တေဇနဲ့စိုင်းအား ပြန်မေးလိုက်ရင်း ခေါင်းထဲ ပုံရိပ်
တစ်ခုဝင်ရောက်လာသည် "ကြယ်စင် ကြယ်စင်ကြယ် နေပါအုံးငါအဲနာမည်ကြာဘူးတယ် ကြယ်...စင်..စိုင်း အဲကြယ်စင်တော့မဟုတ်ဘူးမို့လား" စိုင်းအားသေချာအောင်ပြန်မေးလိုက်ပြီး စိတ်ထဲမှာတော့ မဟုတ်ပါစေနဲ့ လိုအကြိမ်ကြိမ်ဆုတောင်းနေမိတယ် ကြယ်စင်ဆို့တဲ့နာမည်နဲ့လူအားစဥ်းစားကြည့်ရင်ထိုလူပုံရိပ်ဘဲပေါ်လာသည်။"ဟုတ်ပါတယ်ဆို ခနခနလာမေးနေတာ စိတ်ညစ်ရတဲ့ကြားထဲ တေဇ မင်းလဲအကြံလေးပေးပါအုံး ငါတို့ကျောင်းပြောင်းရင်ကောင်းမလားလို့ ဒီနေ့မှကျောင်းစဖွင့်တာဘဲရလောက်မှာပါနော် မြတ်နိုး"စိုင်းကသာ မေးနေတာကျန်သုံးယောက်မှာ သူစကားက ပြန်လည်ဖြေကြားသံမကြားသဖြင့် ကျန်သုံးယောက်အားလှည့်ကြည့်လိုက်ရာ ဘုရားစာဖွင့်ထားသောဖုန်းကိုင်ရင်းခြေတွေလက်တွေတုန်နေကြသောသုံးယောက်အားတွေ့လိုက်ရသည်၊ *တော်တော်လေးစိတ်ညစ်တယ် မစဥ်းစားဘဲ ဘုရားရွတ်နေတော့ရော ဟိုခြေနှစ်ချောင်းနဲ့ သကောင့်သားလေးဆီကလွတ်သွားမှာကြနေတာဘဲ"။
YOU ARE READING
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Actionအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻