အပိုင်(16)

7 1 0
                                    

ကျောင်းဖွင့်ခဲ့သည်မှာ ကြာခဲ့​ပြီဖြစ်သည်မို့ ရက်ရှည်ကျောင်းပိတ်ရန်စာမေးပွဲသို့ရောက်ရှိလာတော့မည်ဖြစ်သည် ကျောင်းတွင်းရှိကျောင်းသားများမှာ တန်းထဲတွင်စာလေ့လာသူနှင့် ကန်တင်းသို့သွားပြီး စာဆွေးနွေးနေသူများနှင့် အသက်ဝင်နေတော့သည်

"ဥာဏ် ဒီခေါက်စာမေးပွဲဖြေပြီးလို့ရက်ရှည်ပိတ်ရင် မင်းရန်ကုန်ပြန်မှာလား"

မင်းဥာဏ်စာမေးပွဲစာများကြည့်နေရင်း ငဖြိုးမေးသည်အားပြန်ဖြေလိုက်သည်
"မသိသေးပါဘူးကွာ ပြန်ရမလာမပြန်ရဘူးလား"

"သြော် မပြန်ရင်ကောင်းတယ်ကွ မင်းတို့ပြန်ရင်ငါတစ်ယောက်ထဲကျန်နေရမှာ"ဖြိုးဝေ ညီးညူးလိုက်သည်

ဆိုင်ထဲဝိုင်းတွင် ဆယ်ယောက်အုပ်စုထိုင်ပါသောလဲ စကားများသော နွားနှစ်ကောင်မှလွဲပြီးကျန်လူများမှာ ဝစီပိတ်ကျင့်နေသည်လားမှတ်ရသည်

"ဘာလို့ မင်းကတစ်ယောက်ထဲလဲ မြတ်နိုး တို့ညီအမနဲ့စိုင်းတို့ရောကျန်ခဲ့မှာမဟုတ်ဘူးလား"သီဟ နွားငဖြိုး ပြောရင်း စိမ်းသက်တိတ်ဆိတ်နေသောတစ်ဖက်အားစကားပြောစေရန်လုပ်ပေးလိုက်သည်

"ငါတို့ညီအမနဲ့တေဇက ရန်ကုန် ပြန်မှာ ကြယ်စင်တို့က ဘယ်မှာနေမလဲမသိဘူး"မြတ်နိုး
မင်းဥာဏ်တို့အားပြောလိုက်သည်

သူ့တို့စကားဝိုင်းထဲကို လုံးဝဝင်မပြောသည်မှာ ကြယ်စင်ထွဋ်ခေါင် နှင့် စိုင်းလရောင်စဥ်သာရှိသည်

"အဟမ်း ထွဋ်ခေါင်က ဒီမှာနေမှာလား" ဖြိုးဝေ ထွဋ်ခေါင်အားမေးလိုက်သည်

မင်းဥာဏ်တို့ ဖြိုးဝေ အားမယုံနိုင်စွာကြည့်
လိုက်သည် သူတို့တောင်ကြယ်စင်လို့ ခေါ်ရတာကို ဒီသူတော်ကောင်းလေးက ဘာလို့လုပ်ထားလို့ သူနှင့်ဒီလောက်ရင်းနှီးနေရတာလဲမသိဘူး

"အမ်း ငါ နေမှာရှိမနေဘူး ဟိုကိုပြန်မှာ ဖြိုးဝေ "ထွဋ်ခေါင် ကျောင်းပိတ်ရက် ဒီမှာမနေပါ တရုတ်ကိုပြန်ရမှာဖြစ်သည်

"သြော် ဒါဆိုစိုင်းရော ဒီမှာရှိမှာလား"ဖြိုးဝေ မေးရင်ကိုယ့်ကိုသနားလာမိသည် တစ်ယောက်လောက် မိမိနဲ့နေခဲ့ကြပါလား

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Where stories live. Discover now