တရုတ်နိုင်ငံ ပေကျင်းမြို့ လေယာဉ်ကွင်းမှာ
ကားသုံးစီးနဲ့ ကိုယ်ရံတော် အယောက်နှစ်ဆယ်နှင့် အသက်"17"နှစ်ရွယ်ကောင်လေးတစ်ယောက် လေယာဉ်ဆင်းသက်လာမဲ့အချိန်အားစောင့်စားနေကြသည်"သခင်ငယ်လေး ထိုင် စောင့်ပါလား သခင်လေးတို့လာတော့မှာပါ"
"ရတယ် "နေစင် အထိန်းတော်ကြီးအားပြောလိုက်သည်
ထိုစဥ် လေယာဉ် ကွင်းထဲအား လေယာဉ်တစ်စင်းဆင်းသက်လာတာတွေ့လိုက်ရသည် ထို့ လေယာဉ်မှာ စိုင်းတို့ စီးလာသော လေယာဉ်သာဖြစ်သည်
နေစင် လေယာဉ် ဆင်းသက်လာတာနဲ့ ကွင်းထဲအားလျှောက်သွားပြီး လေယာဉ်မှပေါ်မှဆင်းလာသော လူအားစကားစပြောလိုက်သည်
"ကျွန်တော်က ကိုကို မလာတော့ဘူးတောင်ထင်နေတာ"
ထွဋ်ခေါင် လေယာဉ် မှဆင်းဆင်းချင်း မကြားရတာနာရီပိုင်းဘဲရှိသေးတော့ ညီငယ်၏စကားသံကြားရလိုက်သည်
"ငါတို့ကြာတာမဟုတ်ဘူး ကိုသခ်က အလုပ်ပေါ်လာလို့ကြာတာ အဲတော့ မင်းအပြစ်ပြောချင် ကိုသခ် ကိုပြော" ထွဋ်ခေါင်ထိုစကားပြောလိုက်သည့်နှင့် နေစင်က သူကိုမျက်စောင်းလှမ်းထိုးသည်
"အဲဒါ ကိုကို ကျွန်တော်လူကို ဘယ်လောက်အလုပ်တွေဖိခိုင်းနေလဲမှမသိတာ" နေစင် အကိုဖြစ်သူအား မကျင်နပ်စွာပြောလိုက်သည်
"ထားပါတော့ ဒါနဲ့ ခေါ်မလာဘူးလား"
ထွဋ်ခေါင် ညီငယ်အားမေးရင် ဘေးဘက်တွေရှာကြည့်လိုက်သည်"ရှာမနေနဲ့ ဆရာသမားတို့က အိပ်နေလို့ထားခဲ့လိုက်တာ တစ်နေ့တစ်နေ့ သူတို့နဲ့လဲအသက်တိုတော့မှာ မနက်ကလဲ ခနလေးအခန်းပြင်ထွက်လိုက်တာ နှစ်ကောင်သား ရေဘားဖွင့်ပြီးဆော့ထားကြတာ" နေစင် မျောက်နှစ်ကောင်အကြောင်း အကိုဖြစ်သူအားပြောလိုက်သည်
"အဲဆို အိမ်သွားရအောင် ဧည့်သည်လဲပါတယ် နောက်ပြီးသူတို့နှစ်ယောက်ထဲအိမ်မှာစိတ်ချရတာမဟုတ်ဘူး"ထွဋ်ခေါင် မိမိ၏ မျောက်လောင်းနှစ်ကောင်ကြောင်းသိသည်မို့ အိမ်ပြန်ရန်ပြောလိုက်သည်
နေစင် အကိုဆီမှ ဧည့်သည့်ပါသည့်ဟုစကားကြားသဖြင့် ရှာကြည့်ရာ မိမိလူဘေးမှာလူတစ်ယောက်ရပ်နေသည်အားတွေ့လိုက်ရသည်
ESTÁS LEYENDO
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Acciónအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻