အပိုင်(19)

7 1 0
                                    


* ( ရက်တွေကြာညောင်းလို့ရာသီတွေလဲပြောင်းခဲ့ပြီ ကိုယ့်နှလုံးသားလေးသားလေးလဲပြောက်လို့သွားတာကြာလှပေါ့)*

   ရက်ရှည်ကျောင်းပိတ်ရက်ပြီးသည်မို့ အမိကျောင်းတော်ကြီးနှင့်အဖော်ကန်တင်းများမှာကျောင်းသား/​ ကျောင်းသူများနှင့်ပြန်လည်အသက်ဝင်နေသည်
ဒုတိယနှစ်ရောက်ပြီမို့ အရင်လို ကျောင်းပြောင်းအသစ်လေးတွေဆိုတဲ့စိတ်မဟုတ်ဘဲတော့ဘဲ စီနီယာဆိုတဲ့အသိလေးတွေဝင်ခဲ့ကြရသည်

"ငဥာဏ် မင်းနဲ့လည်း ဒီနေ့မှကျောင်းစဖွင့်တာ နည်းနည်းပါးပါး လေး ပြုံးပါအုံး တော်ကြာအသစ်လေးတွေကကြောက်ပြီး လာမိတ်မဖွဲ့နေအုံးမယ်"သူရိန် ဘူးသီးလှည့်ကြိတ်ထားမျက်နှာနေသော မင်းဥာဏ်အားပြောလိုက်သည်

သူတို့အဖွဲ့ထဲတွင် မင်းဥာဏ် ပြီးရင် သူရိန် ကရေပန်းစားသည် သူရိန်နဲ့မင်းဥာဏ်ကကျန်သုံးယောက်ထက်အရပ်နှစ်လက်မလောက်ရှည်သည်

"မင်းမသိပါဘူး ငဖြိုးကအခုဘာလို့ပြန်မလာသေးတာလဲ"

မင်းဥာဏ် ပြောလာသောစကားကြောင့်ကျန်သုံးသောက် သူဘာဖြစ်နေလဲသိလိုက်ရသည်

"မင်းကလဲ သူ့ပြန်လာမှပေါ့ ကြိုက်နေတော့တဲ့လူကကောင်မသတိမရတာ မင်းကဘာဖြစ်နေတာလဲ"သီဟ မင်းဥာဏ်အားပြောရင်း ခေါင်းရိုက်လိုက်သည် ကြိုက်တဲ့လူကတောင်သတိမရတာ အဖေကျော်ပြီးပထွေးတနေတာသူကောင့်သားလေးက

ဟိန်ထက် ကော်ဖီသောက်ရင်း သီဟအားမျက်စောင်းထိုးလိုက်သည် မိမိဘာသာနေသည်ကို မဆီမဆိုင်ဆွဲထည့်တဲ့ကောင်.

"ငါဘယ်တုန်းက ငဖြိုးသတိရတယ်ပြောလို့လဲ ငဖြိုးခေါ်သွားတဲ့ စိုင်းကိုသတိရနေတာ"

သူရိန်တို့သူ့ယောက် မင်းဥာဏ်ကိုဝိုင်းကြည့်လိုက်သည် သူ့တို့ကတော့ သူငယ်ချင်းသတိရနေသည်မှတ်တယ် သူ့က သူငယ်ချင်းခေါ်သွားတဲ့တူနယ်ဂျင်းကိုသတိရနေတာတဲ့

"အေး အဲဆိုလဲဆက်သတိရ နွား ငါတို့ကတော့ကိုယ့်သူငယ်ချင်းသတိရတယ်မှတ်လို့ တကယ်တိုင်းကြ သူ့ကသူလင်သတိရနေတာ
နွားက"
သီဟ စိတ်ပေါက်ပေါက်ဆဲလိုက်သည်ကျန်နှစ်ယောက်မှာလဲခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Where stories live. Discover now