ထွဋ်ခေါင် ဆိုင်ကပြန်လာပြီးခနနားကာရေချိုးပြီး အိပ်ရန်ပြင်လိုက်ပြင်မဲ့ သူအိပ်မပျော်သည်မို့ ဖုန်းကြည့်ရင်း အပြင်သွားသောလူများအား ထိုင်စောင့်နေလိုက်သည်
ခုနာရီကျော်လောက်တွင်ခြံထဲကားစက်ရပ်သံကြားသဖြင့်အပြင်သွားသူများပြန်လာပြီမို့သူ့အခန်းထဲထွက်ပြီးအိမ်အောက်ဆင်းလိုက်သည်
"မင်းတို့ ကြာတာ ကွာ ငါစောင့်နေရတာကြာလှပြီ"
"ခေါင် ငါနဲ့စကားခနပြောရအောင် လိုက်ခဲ့"
ထွဋ်ခေါင် တစ်ဖွဲ့လုံးမျက်နှာမကောင်းသိကို့အခုသတိထားမိသွားသဖြင့် ရောင် ခေါ်ရာနောက် လိုက်လာခဲ့လိုက်သည်
"ရောင် ဘာကိစ္စရှိလို့လဲ"
"ကိုသင်္ခပြောတာတွေကဘာအဓိပ္ပာယ်တွေလဲ"
"ဘာကိုလဲ ဘယ်ဟာကိုပြောတာလဲ"
ထွဋ်ခေါင် ရောင် ပြောတဲ့အကြောင်းရာအားသူနားမလည်သဖြင့်ပြန်မေးလိုက်သည်
"ညနေက ငါတို့ Flower's1မှာထိုင်တုန်းက ကိုသင်္ခနဲ့မင်းနဲ့ပြောနေတဲ့အကြောင်းရာတွေကဘာတွေလဲ "
ထွဋ်ခေါင် ရောင်အားအဖြေပြန်ပေးလိုက်သည်
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းကိစ္စလေးပါ"
စိုင်း မိမိနားနဲ့အကုန်ကြားလိုက်ပါသော်လည်း အတည်ပြုချင်သည်မို့ ပြန်မေးသည်အား လိမ်လိုက်သည်ကိုစိုင်း စိတ်တိုမိသည်
"ဘာကို ဒီတိုင်း ကိစ္စလေးလဲ UKပြန်ရအောင်အထိ ဒီတိုင်းကိစ္စလေးလား ပြောစမ်းပါအုံး ကြယ်စင်ထွဋ်ခေါင်"
"ဘာကိုလဲ သူ့ကဒီတိုင်းပြောလိုက်တာလေကွာ ငါကဘာကိုရှင်းပြရအုံးမှာလဲ"
အိမ်အပေါ်ထပ်မှ စကားများသံဟာ ကျယ်လာသဖြင့် ဖြိုးဝေ သွားထိန်းရန် မင်းဥာဏ်အားပြောလိုက်သည်
မင်းဥာဏ်ရောသူရိန်ရော ရန်ဖြစ်နေသောနှစ်ယောက်ကိုထိန်းရန်အတွက် အိမ်အပေါ်ထပ်အားတက်သွားလိုက်ကြသည်
"ဘာကိုလဲဟုတ်လား သူ့ပြောတဲ့ဆေးကိစ္စက မင်းအခုထိ အိပ်ဆေးတွေသောက်နေတုန်းဘဲမဟုတ်လား ဟိုတစ်ခါဒေါက်တာပြောတဲ့စကားကိုမင်းမှတ်ထားဘူးလား ဟမ် ကြယ်စင်ထွဋ်ခေါင် မင်းငါကိုသူငယ်ချင်းလို့သတ် မှတ်သေးရဲ့လား"
ESTÁS LEYENDO
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Acciónအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻