အပိုင်(23)

3 1 0
                                    


"ကျွန်တော်တို့ အပြင်သွားမလို့ ကြယ် ခများလိုက်အုံးမလား"

"အင်း မလိုက်တော့ဘူး ရိန် ငါ အိပ်မလို့"

"အိုခေ"

သီဟ တို့ တေဇတို့ နာမည်ကိုအဖျားစွပ်ခေါ်နေကြသော လူသားနှစ်ယောက်ကြည့်ရင်း
ဘယ်ချိန်ဒီလောက်ရင်းနှီးသွားရသလဲကို
စဥ်းစားခန်းဖွင့်နေကြသည်

"မလိုက်တော့ဘူးတဲ့.. သွားမယ်"

သူရိန် အပြင်သွားမဲ့သူတွေခေါ်ထုပ်သွားလိုက် အိပ်ချင်လိုနေခဲ့သူဆီကို ဘာဝယ်ခဲ့ရမလဲစာပို့လိုက်သည် တဖက်မှအဆင်ပြေရာတစ်ခုခုဆိုပြီးပြန်စာပို့လာသည်ကို သူရီရင်း ကားပေါ်တက်လိုက်သည်

"နေပါအုံး သူရိန်ငါမေးပါရစေအုံး"

"အင်း မေး "

မေးဆိုပြီး ဖုန်းကိုအနှိပ်မပြတ် နွားလေးအား ဖြိုးဝေခေါင်းခေါက်ချင်လာသည်

"မင်းနဲ့ကြယ်စင်ကဘယ်တုန်းကဒီလောက်ရင်းနှီးသွားရတာလဲ "

သီဟ အမေးကို အားလုံးက ထောက်ခံခေါင်းငြိမ့်ပြကြီး သူရိန်အားကြည့်လိုက်ကြသည်အမေးခံရသော သူကတော့ဖုန်းနှိပ်မပြတ်ပေ

သူရိန် ဖုန်းကြည့်ရင်း သူ့မေးလာသောသီဟစကားအားပြန်ဖြေရန်ခေါင်းမော့ရာ သူအားဝိုင်းကြည့်တွေ့လိုက်ရသဖြင့်ရီလိုက်သည်

"မင်းတို့က အဲလိုဝိုင်းမကြည့်ပါနဲ့ ငါကြောက်တောင်ကြောက်လာပြီ"

"အဲဆို မင်းပြောပြလေ"

ဟိန်းထက်အပြောကို ဖုန်းပြန်နှိပ်နေသော
သကောင့်သားလေးက စကားပြန်ပြောသည်

"ဘာလို့ ပြောပြရမှာလဲ သိချင်သူသွားမေးလေ"

"ဒီစောက်နွား မပြောပြချင်လဲနေ"

ဖြိုးဝေ စိတ်မရှည် သူရိန်ခေါင်းရိုက်လိုက်သည် ထို့သကောင့်သားလေးကတော့ အရိုက်ခံရတာတောင်ဖုန်းနှိပ်မပြတ် ဘယ်သူနဲ့စကားပြောနေလဲမသိပေ

"ဟယ်လို ကိုသင်္ခက"

"ဟယ်လို ညီ"

ထွဋ်ခေါင် ဖုန်းပိတ်ပြီး အိပ်ရန်လုပ်နေတုန်း ကိုသင်္ခကဆီမှဖုန်းဝင်လာခဲ့သည်ကို ကိုင်လိုက်သည်

Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)Donde viven las historias. Descúbrelo ahora