ကြည်လင်နေသောကောင်းကင်နဲ့ရွေ့လျားနေသောတိမ်စိုင်များကို ခေါင်မိုးထိပ်မှာထိုင်၍ စိုင်းနဲ့ကြယ်စင် တိတ်ဆိတ်စွာ ကြည့်နေကြသည်
သူတို့နှစ်ယောက် တိတ်ဆိတ်နေတဲ့လေထုအား စိုင်း မှစတင်ဖြိုခွဲလိုက်သည်
"ခေါင်"
"အင်း"
စိုင်း လှဲနေရာမှထပြီး ခေါင် ကိုကြည့်လိုက်သည်
"မင်း သူရိန်မင်းနေကို ချစ်မိနေတာလား"
စိုင်း အမေးကို ထွဋ်ခေါင် စိုင်းအား မျက်ခုံးပင့်ကြည့်လိုက်ပြီ ထထိုင်လိုက်သည်
"ငါမသိဘူး စိုင်း"
စိုင်း ခေါင်ကို အကဲခတ်ကြည့်နေရင်းထပ်မေးလိုက်သည်
"မင်းမသိတာမဟုတ်ဘူး မသိချင်ယောင်ဆောင်နေတာမဟုတ်လား"
သူ့အမေးကို ခေါင်က သူကို ကြည့်လာပြီး နှုတ်ခမ်းတစ်ဖက်မဲ့ပြုံးပြုံးသည်
"ငါအနေနဲ့ သူ့ကိုချစ်နေရင်တောင် အဆုံးကြပိုင်ဆိုင်ခွင့်ရှိမလားဆိုတာမသေချာဘူး"
ခေါင် ပြောသည် စိုင်း နားမလည်သဖြင့်ထပ်မေးလိုက်သည်
"ဘာကြောင့်လဲ"
ထွဋ်ခေါင် စိုင်း အမေးကိုမဖြေဘဲ သူအပေါ်ထပ်တက်မလာခင်က ယူလာတဲ့ဆေးလိပ်ဘူးထဲဆေးလိပ်တစ်လိပ်ယူပြီးအိပ်ဆောင်မီးခြစ်ကိုထုပ်ပြီး မီးညှိပြီးတစ်ဖွာရှိုက်ဖွာလိုက်သည်
"ငါလုပ်ထားတဲ့အရာတွေသူသိသွားခဲ့လို့ရင်သူ ငါကိုခွင့်လွှတ်ပေးမလားဆိုတာတောင် ငါမှာတွေးပိုင်ခွင့်မရှိဘူး"
စိုင်း ခေါင်အဖြေကြောင့် ပြောစရာ ရှာမတွေ့တော့ပါ သူလဲ သူ့လုပ်ခဲ့တဲ့အရာတွေကို
ဥာဏ်သာ သိသွားခဲ့ရင် သူကိုခွင့်လွှတ်ပေးမလာဆိုတာကို သူ့မတွေးနိုင်ပါဝင်တော့မဲ့နေမင်းကြီးကိုကြည့်ရင်း အတွေးကိုယ်စီနဲ့သူငယ်ချင်းနှစ်ယောက်ပုံရိပ်လေးသည်ညနေဆည်းဆာ အချိန်ဟာ
တိတ်တဆိတ်နာကျင်စရာကောင်းလှသည်...........
🎶ဒူတန်း ဒူတန်းလ် တန်းလ်
တို့နှစ်ယောက်တို့ ဝေးခဲ့ဘူးတယ် မတွေ့ရ
STAI LEGGENDO
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Azioneအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻