📳🎶
ရွှေမန်းသူလေး ဘီးကလေးစီးနင်းလိုစီးကာသွား မြင်မြင်သူစိတ်မှာစွဲလို့မူး အသည်းလေးထိန်းလိုမရတော့ဘူး
ရွှေမန်းသူလေး ဘီးကလေးစီးနင်းလို့စီးကာသွား မြင်မြင်သူစိတ်မှာစွဲလိုမူး အသည်းလေးထိန်းလို့မရတော့ဘူး📳🎶
"ဟိတ်ရောင် သီဟ ဖုန်းလာနေတယ်ကိုင်လိုက်အုံး""အော် အေးဟုတ်သားဘဲ"
နေ့လည် ထမင်းစားချိန် မင်းဥာဏ်တို့အုပ်စု"အရိပ်စားဖွယ်စုံ"ဆိုင်မှာထိုင်ပြီးလက်ဖက်ရည်သောက်နေကြသည်
"ဟိတ်ရောင် ငဖြိုး မင်းမကြည်ပြာတို့နဲ့စကားပြောဖြစ်သေးလား"မင်းဥာဏ် မိမိအကောင်ပေါက်လေးတို့အဖွဲ့မတွေ့သဖြင့် သူငယ်ချင်းဖြစ်သူဖြိုးဝေအား မေးလိုက်သည်။"အေး မတွေ့ဖြစ်ဘူးကွ မမြတ်နိုးမေးကြည့်လေ တစ်ခန်းထဲအတူတူတွေဘဲကို မင်းကလဲ" ဖြိုးဝေ မင်းဥာဏ်မေးတာအားဖြေရင်းပြောလိုက်သည် ထိုအဖွဲ့မှမမြတ်နိုးကေသာက သူတို့နဲ့အတန်းတူ စီးပွားရေးမှာတက်သည် ညီမဖြစ်သူ ကြည်ပြာကေသာနဲ့သူငယ်ချင်းနှစ်ယောက်က မြန်မာစာမှာတက်ကြသည်။
ဖြိုးဝေ မင်းဥာဏ်အားပြောရင်းဆိုင်ဝင်ပေါက်လှမ်းကြည့်လိုက်သည် မိမိတို့ပြောနေကြသောအဖွဲ့လာနေတာကိုတွေ့လိုက်ရသည်။"ဟော ဟိုမှာလာပြီ သူတို့အုပ်စု ဒီဘက်ခေါ်လိုက်မယ်*"မကြည်ပြာ မမြတ်နိုး ဒီဘက်ဝိုင်းလာထိုင်လေ"
မင်းဥာဏ် ငဖြိုး ပြတက်ဘက်လှမ်းကြည့်လိုက်ရာမိမိအကောင်ပေါက်လေးတို့အဖွဲ့ မိမိတို့ဝိုင်းလာနေတာကိုတွေ့ရသည် ဒါပယ်မဲ့မိမိအကောင်ပေါက်လေးတို့အဖွဲ့မှာတစ်ယောက်ပိုလာတာကိုတွေ့ရသည် အဲဒီတစ်ယောက်က ဟိုတစ်နေ့က ကြယ်စင်ဆို့တဲ့လူ ။စိုင်းတို့အဖွဲ့ ဆိုင်ထဲဝင်ဝင်လာချင်း ထောင့်ဆုံးဝိုင်းမှာထိုင်ရန်လုပ်နေတုံး တစ်ဖက်ဝိုင်းမှသူတို့ဘက်လာရန်လှမ်းခေါ်သံကြားသဖြင့် စိုင်း တစ်ဖက်ဝိုင်းအား ကြည့်လိုက်ရာ လူကန့်လန့်လောရှည်ကောင်တို့အဖွဲ့ဖြစ်နေသည် "မသွားနဲ့ကြည်ပြာလာဒီဝိုင်းမှာဘဲထိုင်မယ်"
"မကောင်းဘူးလေ စိုင်းကလဲ သူများကတစ်ကူးတကခေါ်တာကို နော်သူငယ်ချင်းလေးကလဲ သွားလိုက်ပါ ကြယ်စင်နဲ့လဲမိတ်ဆတ်ပေးရအောင်လေနော်"ကြည်ပြာ စိုင်းအားသွားရန် ကြယ်စင်အားခုတုံးလုပ်သည်"။
YOU ARE READING
Cloud OF Love (ချစ်ခြင်း၏တိမ်လွှာ)
Actionအချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မောင့်အချစ်ကို မောင်ကစောင့်နေမှာမို့ သေချာပေါက် မောင်ဆီကိုပြန်လာပေးပါ မောင့်အချစ် စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်သည် May🌻